Local News

တရုတ်ဝယ်လိုအားကြောင့် ထောပတ်ပဲစျေး မြင့်တက်လာ

Last Updated:

     မြန်မာပြည်တွင်းမှထွက်ရှိတဲ့ ထောပတ်ပဲများကိုတရုတ်ဘက်က အဝယ်လိုက်လာတာကြောင့် စျေးနှုန်းလည်း မြင့်တက်လာတယ်လို့ ကုန်သည်များထံမှ သိရပါတယ်။ ယခင် ထောပတ်ပဲ ပေါ်ကာစအချိန်တုန်းက သုံးတင်းဝင်တစ်အိတ်ကို ကျပ်နှစ်သိန်းဝန်းကျင်သာရှိခဲ့သော်လည်း ဇူလိုင်လကုန်ပိုင်းမှာတော့ ထောပတ်ပဲသုံးတင်းဝင်တစ်အိတ်ကို ကျပ် ၂၇၀၀၀၀ ကျော်အထိဖြစ်လာတယ်လို့ ဆိုပါတယ်။

     ထိုကဲ့သို့ တရုတ်ဘက်က ဝယ်လိုအားများလာတဲ့အချိန် တောင်သူများနှင့် ကုန်သည်များလက်ဝယ်တွင် ထောပတ်ပဲလက်ကျန်နည်းနေခြင်းကြောင့်လည်း စျေးကောင်းရရှိနေတာလို့ ဆိုပါတယ်။ ထောပတ်ပဲဟာ ပြည်တွင်းစားသုံးမှုများတဲ့ ပဲအမျိုးအစားဖြစ်တာကြောင့် ပြည်တွင်းမှာလည်း အရောင်းအဝယ်ကောင်းနေပြီး ပြည်ပနိုင်ငံများကိုပါ တင်ပို့ရောင်းချနေရခြင်း ဖြစ်ပါတယ်။ ထောပတ်ပဲကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာ အများဆုံးစိုက်ပျိုးထွက်ရှိတယ်လို့ သိရပါတယ်။

Source: https://t.me/htwettoe

Category: Local News