Local News

ပြည်ပဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁၃၈ သန်းရရှိထား

Last Updated:

     ယခုဘဏ္ဍာနှစ်ဖြစ်သည့် လေးလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် သုံးသိန်းကျော်တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃၈ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

     ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလတွင် ဆန်တန်ချိန် ရှစ်သောင်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၃၆ သန်း၊ မေလတွင် ဆန်တန်ချိန် တစ်သိန်းကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၈ သန်း ၊ ဇွန်လတွင် ဆန်တန်ချိန် ခြောက်သောင်းကျော် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၈ သန်းနှင့် ဇူလိုင်လတွင် ဆန်တန်ချိန် ငါးသောင်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆ သန်း ရရှိထားကြောင်း သိရသည်။

     ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့အများဆုံး အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ဖိလစ်ပိုင်၊ စပိန်၊ ပေါ်တူဂီ၊ ဘူလ်ဂေးရီးယား၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ UK အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်ကို တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းခွဲ တင်ပို့နိုင်ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Source: http://www.popularmyanmar.com

Category: Local News