Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

၃၀-၉-၂၀၂၃ မှ ၆-၁၀-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ချုပ်ပြီးအထည် (၁၃၉၇၇၆)ထည်၊ (၄၁.၄၁၂) တန် ၊ ကြက်သွန်နီ (၁) တန်လျှင် (၆၉၉.၁၈၇) ဒေါ်လာ၊ ကော်ဖီစေ့ (၁) တန်လျှင် (၄၂၅၀) ‌ဒေါ်လာဖြင့် (၇၂) တန်၊ ကွမ်းသီး (၁) တန်လျှင် (၁၅၁၇.၀၅၄) ဒေါ်လာဖြင့် (၁၉၁.၁၆၀) တန် ၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၄၃၆.၀၅၀) ဒေါ်လာဖြင့် (၆၁၆.၉၀၂)တန်၊ ဂေါ်ဖီထုပ် (၁) တန်လျှင် (၂၀၂.၀၅၇) ဒေါ်လာဖြင့် (၈၂၆.၅၀၀) တန်၊ မတ်ပဲ(၁)တန် လျှင် (၁၁၈၇.၅၀၀) ဒေါ်လာဖြင့် (၁၂၈) တန်၊ သတ္တုနှင့်သတ္တုရိုင်းများ (၁) တန်လျှင် (၁၃၇၀) ဒေါ်လာ ဖြင့် (၁၀၀) တန်နှင့် ငါးမျိုးစုံ (၁) တန်လျှင် (၁၄၇၅.၆၂၆) ဒေါ်လာဖြင့် (၁၈.၉၇၅) တန်တို့ ဖြစ်သည်။

ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လို်င်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်း စစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

၃၀-၉-၂၀၂၃ မှ ၆-၁၀-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀) မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၂.၈၇၃) ဒေါ်လာသန်း၊ အခြားစက္ကူများ (၁.၁၀၇) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်းများ (၀.၈၆၇) ဒေါ်လာသန်း၊ ချည်ထည်များ (၀.၇၆၂)ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ)ဆောက်လုပ်ရေးပစ္စည်းများ(၀.၇၀၀) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၆၉၇) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၀.၆၈၅) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၆၈၂) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၆၃၆) ဒေါ်လာသန်းနှင့် ဝါယာကြိုးများ (၀.၅၉၁) ဒေါ်လာသန်းတို့ ဖြစ်သည်။

 မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့ အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၄.၈၃၇) အမေရိကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၄.၈၃၄)  အမေရိကန်ဒေါ်လာသန်းဖြစ်ရာ စုစုပေါင်း ကုန်သွယ်မှုပမာဏ (၁၉.၆၇၀) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News