Local News

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငှက်ပျောသီးအစုံအဖီးရေ ၇၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငှက်ပျောသီးအစုံအဖီးရေ ၇၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ် ငှက်ပျောရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်တင်နွယ်က ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ငှက်ပျောသီးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ငှက်ပျောသီးအစုံအဖီးရေ ၅၂၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ငှက်ပျောသီးအစုံ အဖီးရေ ၇၆၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ တင်ပို့ရောင်းချခဲ့သည့် ငှက်ပျောသီးများမှာ ဖီးကြမ်း၊ ရခိုင်၊ သီးမွှေး၊ ရွှေငှက်ပျောစသည့် ငှက်ပျောသီးအမျိုးအစားများကို အများဆုံးတင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ငှက်ပျောသီးအစုံ ရန်ကုန်ဈေးကွက်ကို တင်ပို့အားကောင်းခဲ့ပါတယ်။ ငှက်ပျောတင်ပို့အားကောင်းလာတော့ ငှက်ပျောစိုက်သူတွေ အဆင်ပြေတာတွေ့ရပါတယ်။ လက်ရှိပွဲရုံတွေဆီအဝင်နည်းနေပါတယ်။ ဒေသမှာ ငှက်ပျောစိုက်သူလျော့နည်းလာလို့ ဖြစ်ပါတယ်။ လက်ရှိငှက်ပျောသီး ပေါက်ဈေးကလဲ ဒီနှစ်အဖို့ ငှက်ပျောစိုက်သူတွေအတွက် အဆင်ပြေတဲ့ဈေးဖြစ်ပါတယ်” ဟု သိရသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း တင်ပို့ရောင်းချခဲ့သည့် ငှက်ပျောသီးဈေးနှုန်းများမှာ ဖီးကြမ်းအဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၅၅၀၀၀ ၊ ရခိုင်ငှက်ပျောသီး အဖီးရေ ၁၀၀ လျှင် ငွေကျပ် ၉၅၀၀၀၊ ရွှေငှက်ပျောအဖီးရေ ၁၀၀ လျှင် ငွေကျပ် ၁၅၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်းသိရှိရသည်။

Source: ရတနာပုံ သတင်းစာ      

Category: Local News