International News

ဗီယက်နမ်နိုင်ငံ၏ စားသုံးသူစျေးနှုန်းအညွှန်းကိန်း(CPI) သည် ဖေဖော်ဝါရီလတွင် ၂.၉၁ ရာခိုင်နှုန်း မြင့်တက်ခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံ၏ စားသုံးသူစျေးနှုန်းအညွှန်းကိန်း (CPI) သည် ဖေဖော်ဝါရီလတွင် တစ်နှစ်ထက်တစ်နှစ် ၂.၉၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗီယက်နမ် အထွေထွေစာရင်းအင်းရုံးက ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။ အညွှန်းကိန်းသည် ယခင်လနှင့် နှိုင်းယှဥ်ပါက ၀.၃၄ ရာခိုင်နှုန်းတိုးလာသည်ဟု အစီအရင်ခံစာအရ သိရသည်။ အထွေထွေစာရင်းအင်းရုံး၏ အဆိုအရ ပြီးခဲ့သည့်လက CPI မြင့်တက်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ထောက်ပံ့မှုပြတ်လပ်မှုကြောင့် ဝက်သားစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် နှစ်သစ်ကူး အားလပ်ရက်အတွင်း စားသုံးသူများ၏ ဝယ်လိုအားမြင့်တက်လာပြီးနောက် စားသောက်စရိတ်များ၊ အိမ်အငှားနှင့် သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှုစရိတ်များမြင့်တက်လာ ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။ CPI သည် ၂၀၂၅ ခုနှစ် ပထမနှစ်လတွင် တစ်နှစ်ထက်တစ်နှစ်ပျမ်းမျှအားဖြင့် ၃.၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ငွေကြေး‌ဖောင်းပွမှုမှာ ယမန်နှစ်အလားတူ ကာလကထက် ၂.၉၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းအဆိုပါရုံး၏ ပြောကြားချက်အရသိရသည်။

 Source: https://www.doca.gov.mm

Category: International News