Local News

အုတ်ဖိုမြို့နယ်တွင် ငရုတ်သီးစိုက်တောင်သူများ အကျိုးအမြတ်ရရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ငရုတ်သီးစိမ်းများ လှိုင်လှိုင်ထွက်ပေါ်နေပြီး ဈေးကောင်း ရလျက်ရှိကြောင်း၊ ဈေးကွက်အတွင်း၌ အုတ်ဖိုငရုတ်နာမည်ဖြင့် ဈေးကွက်ရနေပြီး အုတ်ဖိုမြို့နယ်အနေဖြင့် ငရုတ် စိုက်ဧက ၄၀၀ ကျော်ခန့်ကို ကျေးရွာပေါင်း ၂၂ ရွာခန့်မှ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ငရုတ်ပင်သည်  အပူပိုင်းနှင့် သမပိုင်းရာသီကို ကြိုက်နှစ်သက်သော သီးနှံဖြစ်ပြီး တစ်ဧကလျှင် အပင်ပေါင်း ၁၀၀၀ ခန့်ဖြင့် တန်းကြား ၃ပေခွာ၍ စိုက်ပျိုးရကြောင်း သိရှိရပါသည်။ ငရုတ်သီးနှံ ကို စိုက်ပျိုးပြီး ရက်ပေါင်း ၉၀ အကြာ တွင် ခူးခွတ်ရကာ ရက် ၉၀ မှ ၁၅၀ ရက်အထိ ခူးဆွတ်ရကြောင်း၊ ငရုတ်သီးစိမ်းမျိုးများအနေဖြင့် ကုလားအော်၊ မိုးမျှော်သီး၊ ရွေအပ်သီး၊ ပီနံသီး စသည့် ငရုတ်သီးစိမ်းမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ဈေးနှုန်းအနေဖြင့် ငရုတ်ဒိုင်ကောက်ဈေး အရ တစ်ပိဿာလျှင် ကျပ် ၃၅၀၀ မှ ၄၅၀၀ ထိ ရရှိကြကြောင်း သိရသည်။

ငရုတ်စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ၈၀၀၀၀၀ ကျပ်ခန့်ကုန်ကျပြီး ဝင်ငွေ အနေဖြင့် ပျှမ်းမျှ ကျပ် ၂၈၀၀၀၀၀ သိန်းခန့် ရရှိနိုင်ပါသည်။ အကျိုးအမြတ်အနေဖြင့် ကျပ်သိန်းပေါင်း ၂၀ ခန့် ရရှိနိုင်သဖြင့် တောင်သူများ တွက်ခြေကိုက်သည့် သီးနှံတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.commerce.gov.mm

Category: Local News