Announcements

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အရ ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံ တို့သို့ တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များအတွက် CO Form RCEP ကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း

Last Updated:

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အရ ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့သို့ တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များအတွက် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ CO Form RCEP ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာ ပို့ကုန်သွင်းကုန်ရုံး များနှင့် ကုန်သွယ်ရေး စခန်းများတွင် ၂၀၂၃ ခုနှစ်၊  သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထား နိုင်ပြီဖြစ်ကြောင်းနှင့် ယင်း၏ဆက်စပ်လုပ်ငန်းများဖြစ်သည့် စက်မှုထုတ်ကုန်များအတွက် စက်မှုထုတ်ကုန်မှတ်ပုံတင်လက်မှတ် (Certificate of Product Registration) နှင့် အတည်ပြုပို့ကုန်တင်ပို့သူ (Approved Exporter) မှတ်ပုံတင်လက်မှတ်တို့ကိုလည်း Online CO Application System (http://onlineco.myanmartradenet.com) ၌ ဝင်ရောက်လျှောက်ထားနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

Category: Announcements