Local News

ဧရာဝတီတိုင်းဒေသကြီးမှာ အုန်းသီး ဧက ၄၅၀တိုးချဲ့စိုက်ပျိုးနေ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီးအတွင်း အသုံးပြုမရတဲ့ ရေနက်ကွင်းတွေကို စက်ကိရိယာတွေအသုံးပြုကာ စိုက်ပျိုးမြေဧရိယာတွေဖော်ထုတ်ပြီး အုန်းသီး ဧက ၄၅၀အထိ တိုးချဲ့စိုက်ပျိုးတာတွေရှိနေကြောင်း သိရပါတယ်။ အဆိုပါ ရေနက်ကွင်းတွေမှာ အုန်းချိုမွှေးအမျိုးအစား အုန်းသီးတွေကို ပြည်တွင်းပြည်ပဈေးကွက်အတွက် ရည်ရွယ်စိုက်ပျိုးနေပြီး အုန်သီးတန်ဖိုးကွင်းဆက် တစ်လျှောက်မြှင့်တင်ရေးစီမံကိန်းအနေနဲ့ ၁ နှစ်ကြာစီမံကိန်းထားကာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရတို့ပူးပေါင်း လုပ်ဆောင်တဲ့ အုန်းသီးစိုက်ပျိုးရေးစီမံကိန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

     အုန်းချိုမွှေးစိုက်ပျိုးတဲ့ စီမံကိန်းကိုလက်ရှိမှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်မှာအများဆုံး လုပ်ဆောင်တာဖြစ်ပြီး အဲ့ဒီ့စီမံကိန်းမှာ အုန်းသီးကိုသဘာဝအတိုင်းစားသုံးနိုင်ဖို့အပြင် တန်းဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ဖို့အထိ မျှော်မှန်းချက်တွေပါဝင်ကြောင်းသိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ အုန်းပင်စိုက်ပျိုးမှုအများဆုံး ဒေသတစ်ခုဖြစ်ပြီး လက်ရှိမှာ အုန်းပင်စိုက်ဧက ၆ သောင်းကျော်ရှိနေတယ်လို့ဆိုပါတယ်။ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ကတော့ လက်ရှိတိုးချဲ့စိုက်ပျိုးတဲ့ အုန်းပင်များမပါဝင်ပဲ ယခင်စိုက်ပျိုးထုတ်လုပ်မှုကနေ နှစ်စဉ် အုန်းသီးအလုံးရေ ၄၀၀၀ကျော်ထွက်ရှိပြီး အဲ့ဒီ့ထဲက ၈၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းစားသုံးမှုအနေနဲ့ထားရှိပြီး ပြည်ပကို ၂၀ရာခိုင်နှုန်းခန့်တင်ပို့မှုရှိကြောင်းသိရပါတယ်။

Source: https://t.me/htwettoe

Category: Local News