International News

ကမ္ဘာ့သကြားဈေး ၁၂ နှစ်တာအတွင်း အမြင့်ဆုံး ရောက်ရှိ

Last Updated:

လာမည့် အောက်တိုဘာလတွင် စတင်မည့် ကြံရိတ်သိမ်း သကြားထုတ်လုပ်သည့်ရာသီအတွက် အိန္ဒိယနိုင်ငံက သကြားတင်ပို့မှုကို တားမြစ်မည်ဟုကြေညာပြီးနောက်ကမ္ဘာ့သကြားစျေးနှုန်းများ မြင့်တက်ခဲ့သည်။ သကြား ပြည်ပတင်ပို့မှု ကမ္ဘာ့အများဆုံးနိုင်ငံများထဲတွင်ပါဝင်သည့် အိန္ဒိယနိုင်ငံသည် မိုးခေါင်မှုနှင့် ရင်ဆိုင်နေရခြင်းကြောင့် သကြားထုတ်လုပ်မှု ကျဆင်းသွားစေသည်။

လူဦးရေ ၁.၄ ဘီလီယံ ရှိသော အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် သကြားစားသုံးမှု အများဆုံးနိုင်ငံဖြစ်သည်။ ယခုနှစ် ပထမနှစ်ဝက်တွင် အိန္ဒိယနိုင်ငံသည် ပြင်းထန်သော မိုးခေါင်ရေရှားသည့် ပြဿနာနှင့် ကြုံတွေ့ခဲ့ရသည်။ မုတ်သုံရာသီတွင် မိုးရွာသွန်းမှုနည်းပါးသည်။ Maharashtra နှင့် Karnataka ကဲ့သို့သော အဓိကကြံစိုက်ပျိုးသည့် အိန္ဒိယပြည်နယ်များတွင် မိုးရွာသွန်းမှု သိသိသာသာ နည်းပါးခဲ့သည်။ အကျိုးဆက်အဖြစ် သကြား ထုတ်လုပ်မှု ၃.၃% လျော့ကျပြီး ၂၀၂၃/၂၀၂၄ ရာသီတွင် တန် ၃၁.၇ သန်း ထွက်ရှိသည်။ 

ဤအခြေအနေသည် ၂၀၂၄/၂၀၂၅ ထုတ်လုပ်မှုရာသီအတွက် ကြံစိုက်ပျိုးခြင်းကိုလည်း သက်ရောက်မှုရှိမည်ဟု မျှော်လင့်ရသည်။ အိန္ဒိယနိုင်ငံသည် သကြားကိုအဓိကအားဖြင့်  ပြည်တွင်းစားသုံးရန် ထုတ်လုပ်သည်။ ပိုသည့်ကြံကို အီသနောထုတ်လုပ်မှုအတွက် အသုံးပြုသည်။ ၂၀၂၂/၂၀၂၃ ထုတ်လုပ်မှုရာသီတွင် အိန္ဒိယအစိုးရသည် သကြားတန်ချိန် ၆.၁ သန်း တင်ပို့ရန် ခွင့်ပြုထားသည်။ အိန္ဒိယနိုင်ငံတွင် စားသောက်ကုန် ကုန်ဈေးနှုန်းသည် ၁၁ ဒသမ ၅ ရာခိုင်နှုန်းသို့  ရောက်ရှိနေပြီး ၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်သည်။ သို့ဖြစ်ရာ ပြည်တွင်းသကြားဈေးနှုန်း ထိန်းရန်လာမည့်ရာသီအတွက် ပြည်ပတင်ပို့မည့် ခွဲတမ်းကို ရုပ်သိမ်းလိုက်သည်။

သကြားတင်ပို့မှုကို ပိတ်ပင်ရန် အိန္ဒိယနိုင်ငံ၏ ဆုံးဖြတ်ချက်ကြောင့် Intercontinental Exchange တွင် သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၄၀.၂၀ သို့ မြင့်တက်သည်။ ကမ္ဘာ့သကြားဈေးကို ၁၂ နှစ်တာကာလအတွင်း အမြင့်ဆုံးသို့ တွန်းပို့ခဲ့သည်။ သကြားကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုသည့် စားသောက်ကုန်များအပေါ် သက်ရောက်မှုရှိနိုင်ပြီး ၎င်းစားသောက်ကုန်တို့၏ စျေးနှုန်းများကို ဈေးတက်သွားစေနိုင်သည်။

Source: thenationthailand 

https://www.foodindustrydirectory.com.mm/

 

Category: International News