Local News

မြစ်သားမြို့နယ်၏ ဝါဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဝါသီးနှံများကိုလွန်ကျော်၊ ပေတော၊ ဒါးဝယ်အင်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိရာအိန္ဒိယမျိုးနှင့် စိန်ကမ္ဘာမျိုးများကို အဓိကစိုက်ပျိုးကြပြီး၊ ယခင်နှစ်ကထက်ဈေးပိုရကြောင်းသိရသည်။ တစ်ဧကကုန်ကျစရိတ်မှာ ကျပ် တစ်ဆယ်သိန်းမှ တစ်ဆယ့်နှစ်သိန်းခန့်ထိ ကုန်ကျပြီး၊ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ  (၃၀၀) ပိဿာ မှ (၃၅၀) ထွက်ရှိကြောင်း၊ အထွက်နှုန်းကတော့ မြေအနေအထားပေါ်မူတည်၍ ကွာခြားမှုရှိကြောင်း ထွက်ရှိလာသော ဝါများကို မြစ်သား၊ ကူမဲရှိပွဲရုံများနှင့် မန္တလေးပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း မြစ်သားမြို့နယ်၊ ပေတောရွာမှ ဝါစိုက်တောင်သူ ဦးဇော်ဝင်းထွန်းက ပြောခဲ့ပါသည်။

ဝါဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၃၀၀၀ မှ ၃၂၀၀ ပေါက်ဈေးရှိပြီး၊ ယခင်လဝါပေါ်စက ကျပ် ၃၆၀၀ မှ ၃၈၀၀၊ ယခင်နှစ်ကကျပ် ၂၆၀၀ မှ ၂၇၀၀ ဈေးရရှိကြောင်း၊ ယခင်လထက်ကျပ် ၆၀၀ နိမ့်ကျလာပြီး၊ ယခင်နစ်ထက် ကျပ် ၄၀၀ မှ ၅၀၀ မြင့်တက်လာကြောင်း သိရသည်။ ဝါသီးနှံသည် အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက တောင်သူများအနေဖြင့် အကျိုး အမြတ် ရှိပြီးဝင်ငွေကောင်းတဲ့ သီးနှံဖြစ်တဲ့အတွက် တိုးချဲ့စိုက်ပျိုးသင့်သော်လည်း သွင်းအားစု ဈေးမြင့်တက်လာခြင်းကြောင့် အကျိုးအမြတ် ရရှိမှုနည်းနေသေးကြောင်း ပေတောကျေးရွာ  ဝါစိုက်တောင်သူများ၏ ပြောပြချက်အရသိရပါသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News