Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/ သွင်းကုန် ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၅-၉-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူတန်ချိန် (၃၃) တန်၊ တန်ဖိုး (၀.၀၆၈)ဒေါ်လာသန်း၊ ရော်ဘာစေး (၄၀) တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၅) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ တန်ချိန် (၁၄) တန်၊ တန်ဖိုး(၀.၀၀၆)ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်း တန်ချိန် (၁၆) တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာ သန်းတင်ပို့နိုင်ခဲ့ပါသည်။ ယခုရက်ပိုင်း တာချီလိတ်မြို့နယ်အတွင်း ပြည်သူများ အဓိကထားသုံးစွဲနေသည့် ထိုင်းနိုင်ငံသုံးဘတ်ငွေနှင့် မြန်မာနိုင်ငံသုံးကျပ်ငွေတို့ တန်ဖိုးများတည်ငြိမ်လျက်ရှိပြီး ငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၅၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၊ ၅-၉-၂၀၂၃ ရက်နေ့တွင် သွင်းကုန်(၀.၃၆၈) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။ အဓိကတင်သွင်းသည့် သွင်းကုန်ပစ္စည်းများမှာ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်ပြီး ဒီဇယ် (၁၈၃၄) BBL၊ တန်ဖိုး (၀.၂၁၇) ဒေါ်လာသန်း၊ ဓါတ်ဆီ (၅၉၈) BBL၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ ဘိလပ်မြေ (၄၇၀.၇) တန်၊တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၈) သန်း၊ မီးခံအုတ် (၆၁.၇၅၆) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ Hydrogen Peroxide (၁၄.၀၁၀) တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၁၈.၇၅၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄) ဒေါ်လာသန်း၊ မျက်နှာကျက်ပြား (၅.၃၆)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊မှန်ချပ် (၃၀၀) M2၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊အခြားပစ္စည်း ကန်ဒေါ်လာ (၀.၀၂၉) သန်းတင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News