Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ် (၂၆) ရက်နေ့မှ စက်တင်ဘာ(၅) ရက်နေ့အထိ ကုန်သွယ်မှုသတင်း

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ခုနှစ်၊ဩဂုတ် (၂၆) ရက်နေ့မှ စက်တင်ဘာ(၅) ရက်နေ့ အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၁၀.၄၃၂) ဒေါ်လာသန်း၊ သွင်းကုန် (၂၉.၅၄၆) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၃၉.၉၇၈) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ရော်ဘာ(၃၅၄၆.၁၃)တန်၊ တန်ဖိုး(၄.၁၉၈)ဒေါ်လာသန်း၊ ပဲတီစိမ်း (၂၀၂၀.၂၅၀)တန်၊ တန်ဖိုး(၁.၄၄၈)ဒေါ်လာသန်း၊ ပဲယင်း (၁၆၉၄.၂၃၀) တန်၊ တန်ဖိုး(၁.၂၇၉) ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၁၁၁၄.၂၉၉) တန်၊ တန်ဖိုး (၀.၆၉၀)ဒေါ်လာသန်း၊ နှမ်းနက် (၂၇၀.၀၀၀)တန်၊ တန်ဖိုး (၀.၄၅၃)ဒေါ်လာသန်း၊ စွန်တာနီပဲ (၉၀၁.၀၀၀)တန်၊ တန်ဖိုး (၀.၅၄၃)ဒေါ်လာသန်း၊ မြေထောက်ပဲ (၁၇၀.၀၀၀)တန်၊ တန်ဖိုး (၀.၂၅၉) ဒေါ်လာသန်း၊ ဆန်ကွဲ (၅၈၂.၀၀၀)တန်၊ တန်ဖိုး(၀.၂၂၈)ဒေါ်လာသန်း၊ မြေပဲဆံ(၁၃၅.၀၀)တန်၊ တန်ဖိုး(၀.၂၂၄)ဒေါ်လာသန်းနှင့်ပြောင်း(၆၄၈.၂၅၀)တန်၊ တန်ဖိုး (၀.၁၈၄)ဒေါ်လာ သန်း တင်ပို့နိုင်ခဲ့သည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း များ(၁၂.၃၂၃)ဒေါ်လာသန်း၊ ချည်ထည်များ (၃.၇၀၅)ဒေါ်လာသန်း၊ စက်နှင့်စက်အပိုပစ္စည်း (၁.၃၉၄) ဒေါ်လာသန်း၊ ဓာတ်မြေဩဇာ (၁.၂၉၆)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသောအထည်အလိပ်များ (၁.၂၃၅) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၉၉၆) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်း(လုပ်ငန်းသုံး) (၀.၅၈၁)ဒေါ်လာသန်း၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၄၃၁) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၃၈၂) ဒေါ်လာသန်း၊ ဓာတုဗေဒချည်ခင်များ (၀.၁၉၆) ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့သည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခ တစ်ပိဿာလျှင် (၈၀) ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅) ကျပ်ရှိကြောင်း သိရသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။

မန္တလေး၊ လားရှိုး၊ သိန္ဒီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News