Local News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ပြည်တွင်းဖြန့်ဖြူးရန်နှင့် ပြည်ပသို့တင်ပို့ရန် ဆန်ကြိတ်ခွဲထုတ်လုပ်မှု အခြေ‌အနေများအား ကြည့်ရှုစစ်ဆေး

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ တစ်ရက်လျှင် တန် ၄၇၀ ကျ ရွှေဝါရောင်ဆန်စက်သို့ရောက်ရှိပြီး စက်ရုံအတွင်းကုန်ကြမ်းများမှ ပြည်တွင်း ဖြန့်ဖြူးရန်နှင့် ပြည်ပသို့တင်ပို့ရန်အတွက် အဆင့်မြင့်ဆန်များအားသန့်စင်ခြင်း၊ ထပ်မံကြိတ်ဖွတ်ခြင်း၊ ဆန်ကွဲခွဲထုတ်ခြင်း၊ ဆန်အရောင်တင်ခြင်းနှင့် အရောင်ခွဲခြားခြင်း၊ သတ်မှတ်အရည်အသွေးပြည့်မီရေး စစ်ဆေးခြင်း၊ အိတ်သွပ်ထုတ်ပိုးခြင်းလုပ်ငန်းစဉ်များ၊ ဆန်များကို ပိုးသတ်မှိုင်းတိုက်ပြုလုပ်ထားရှိမှု၊ ပြည်တွင်းဖြန့်ဖြူးရန်စီစဉ်ထားရှိမှု၊ ပြည်ပသို့တင်ပို့ရန်သိုလှောင်ထားရှိမှု၊ တိရစ္ဆာန်အစာသိုလှောင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လုပ်မှုတိုးမြှင့်ဆောင်ရွက်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေ‌ရေးအတွက် ကုန်သွယ်ဘက်နိုင်ငံများရှိ ကုမ္ပဏီများနှင့် စေ့စပ်ညှိနှိုင်းပေါင်း‌စပ် ဆောင်ရွက်ရေး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကြိုးပမ်းဆောင်ရွက်ရေးတို့အား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်ကူးမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေး‌ရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာန (Commodity Testing and Quality Management - CTQM)သို့ ရောက်ရှိပြီး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာန၊ ဌာနမှုးက လယ်ယာထွက်ကုန် သီးနှံများ စမ်းသပ်စစ်ဆေးပေးလျက်ရှိသည့် ဓာတ်ခွဲခန်းများတည်ထောင်ထားရှိမှု၊ ဓာတ်ခွဲ ခန်းအလိုက် သီးနှံအမျိုးအစားအလိုက်  စမ်းသပ်စစ်ဆေးပေးမှု၊ ဘဏ္ဍာနှစ်အလိုက်လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းဖွင့်လှစ်ပို့ချပေးနိုင်မှု၊ သုတေသနလုပ်ငန်းဆောင်ရွက်မှု၊ နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းလက်မှတ် ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့်ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ပစ္စည်းအရည်အသွေးတွင် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဓာတ်ခွဲ ခန်းများအဆင့်မြှင့်တင်ရေး၊ ကျွမ်းကျင်သည့် ဓာတ်ခွဲခန်းဝန်ထမ်းများဖြစ်လာ‌စေရန်အတွက် စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေး‌ရေးနှင့် အရည် အသွေးစီမံခန့်ခွဲမှုဌာန (Commodity Testing and Quality Management - CTQM) တွင် ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်း၊ ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်း၊  ပိုးမွှားဓာတ်ခွဲခန်း၊  သီးနှံ(ဓာတု) ဓာတ်ခွဲခန်း၊  သီးနှံ(ရူပ) ဓာတ်ခွဲခန်း၊  မှိုဆိပ်ဓာတ်ခွဲခန်းနှင့်  အဏုဇီဝပိုးဓာတ်ခွဲခန်းများစသည့် ဓာတ်ခွဲခန်း(၇)၌ သက်ဆိုင်ရာသီးနှံများကို စစ်ဆေးပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News