Local News

ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများ၌ ပြည်ပနိုင်ငံများ၏ အော်ဒါအသစ်များ လက်ခံဆောင်ရွက်လျက်ရှိ

Last Updated:

ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများ၌ ပြည်ပနိုင်ငံများ၏ အော်ဒါအသစ်များ လက်ခံဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၏ ပြောကြားချက်အရ သိရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံ အသီးသီးမှ အထည်ချုပ်အော်ဒါအသစ်များ  အဆက်မပြတ် လက်ခံရရှိနေပြီး လက်ရှိတွင် ပိုလန်နိုင်ငံမှ အော်ဒါအသစ်များကို ပြည်တွင်းရှိ အထည်ချုပ်စက်ရုံပေါင်း ၁၀၀ နီးပါး၌ လက်ခံချုပ်ပေးနေရကြောင်း၊ ထို့ပြင် တခြားပြည်ပနိုင်ငံများမှ နာမည်ရတံဆိပ်များနှင့် တံဆိပ်အသစ်များကိုလည်း ချုပ်ပေးရန်  အော်ဒါအသစ်များရရှိထားကြောင်း သိရသည်။

“လက်ရှိမှာ ပိုလန်နိုင်ငံကနေ အထည်ချုပ်အော်ဒါအသစ်တွေ အများကြီးရထားပါတယ်။ အဲဒီအော်ဒါတွေကို ပြည်တွင်းက အထည်ချုပ်စက်ရုံပေါင်း ၁၀၀ နီးပါးလောက်မှာ ချုပ်ပေးနေရတယ်။  အရင်က အပ်ကြတဲ့  တံဆိပ်တော်တော်များများလည်း ဆက်ချုပ်ပေးနေရတယ်။  တံဆိပ်အသစ်တွေလည်း အော်ဒါရလို့  ချုပ်ပေးနေရပါတယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်ကပြောသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ကဏ္ဍအနေဖြင့် ပြည်တွင်းအလုပ်အကိုင်ရရှိရေး ဖော်ဆောင်ရာတွင် အဓိကအခန်း ကဏ္ဍ၌ပါဝင်နေပြီး အလုပ်သမားအများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။ လက်ရှိ ပြည်တွင်း၌ အထည်ချုပ်စက်ရုံပေါင်း ၅၀၀ နီးပါး လုပ်ကိုင်လည်ပတ်နေပြီး ထိုအထည်ချုပ်စက်ရုံများတွင်  လုပ်ကိုင်လျက်ရှိသော စုစုပေါင်း အလုပ်သမားဦးရေမှာ ငါးသိန်းဝန်းကျင်ရှိကြောင်း သိရသည်။ 

Source: https://www.myawady.net.mm

Category: Local News