Local News

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

Last Updated:

မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊  အစေ့ထုတ်ပြောင်းနှင့်  နှမ်းမျိုးစုံဈေးနှုန်းများမှာ  ဈေးပိုကောင်းလျက်ရှိကြောင်း  မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရသိရသည်။

မတ်ပဲ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၉၂၅၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးသောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅ အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစင်းငုံ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၄၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၃၄၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ငါးသောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ အိတ်မှ ၁၅ အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၅၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၅၉၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ  ၂၀ အိတ်မှ ၃၀ အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ကုလားပဲ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၆၈၀၀၀၊ 929  တစ်တင်းလျှင် ကျပ်၆၃၃၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ် ၆၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၉၆၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၉၄၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ် ၉၃၅၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ အိတ်မှ ၇၀ အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းကျော်ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀ အိတ်မှ ၂၀ အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ထောပတ်ပဲ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၅၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခန့်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ အိတ်မှ ၁၅ အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၇၈၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊  ဇန်နဝါရီလ(ပထမပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၈၂၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးရာပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ အိတ်မှ ၁၅ အိတ်ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

မြေပဲဆံသီးနှံ

မုံရွာကုန်စည်ဒိုင်၌  ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ် ၅၇၅၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ် ၅၁၅၀ ဖြစ်ခဲ့ပြီး ယခုနှစ်၊  ဇန်နဝါရီလ(ပထမပတ်)တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၆၃၀၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ် ၆၂၅၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်ပိဿာလျှင် ကျပ်တစ်ထောင်ကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ အိတ်မှ ၇၀ အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

နှမ်းမျိုးစုံသီးနှံ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ် ၈၂၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၈၆၅၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ၇၂၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ် ၁၁၈၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၁၀၅၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ၈၉၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ အိတ်မှ ၇၀ အိတ်ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရသိရပါသည်။

Source: https://www.doca.gov.mm

Category: Local News