Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့မှ ( ၇) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၄၀၇၅) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၂၆၃) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၄၃၃၈)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ (၃) ရက်နေ့မှ (၇) ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၃၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၆၅၁)သန်း၊ ဂျင်းခရု (အရှင်) (၈.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၁)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၅.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀၉)သန်း၊ ဂဏန်း (အသေ) (၀.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၃)သန်း၊ ရေခူဆားနယ်  (၁) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၉) သန်း၊ ရေချိုပုစွန်  (၀.၁) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၈) သန်း၊ ကျောက်ပုဇွန် (အရှင်) (၁.၀၄) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၆၉) သန်း၊ ပုစွန်ငါးပိ (၅.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၁)သန်း၊ ငှက်ပျောသီး (၁၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၁၂)သန်း၊ ငရုတ်သီးစိမ်း (၁၂၉.၀၇၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၃၅) သန်း၊ ကြက်သွန်နီ (၆၈) တန်၊  တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၃၁)သန်း၊ ဓနိဖက် (၁၂)တန်၊  တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၆)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင် သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၈၉.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၂၆)သန်း၊ ငါးသေတ္တာ ဘူးခွံ (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၇)သန်း၊ ကြွေပြား (၈၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂) သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ ငါးမျိုးစုံ (၁၂၆၀.၃၁)ဒေါ်လာနှုန်း၊ (၁၃၁)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၁၆၅၁)သန်း၊ ဂျင်းခရု (အရှင်) (၁၅၅၉.၅၂) ဒေါ်လာနှုန်း၊ (၈.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၁) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၈၇၀.၃၇) ဒေါ်လာနှုန်း၊ (၅.၄)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀၉) သန်း၊ ဂဏန်း(အသေ) (၂၆၀၀) ဒေါ်လာနှုန်း၊ (၀.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၃)သန်း၊ ရေခူဆားနယ် (၁၉၀၀)ဒေါ်လာနှုန်း၊ (၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၉) သန်း၊ ရေချိုပုစွန် (၈၀၀၀) ဒေါ်လာနှုန်း၊ (၀.၁) တန်၊ တန်ဖိုး ကန် ဒေါ်လာ (၀.၀၀၀၈) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၅၈၆၅.၃၈) ဒေါ်လာနှုန်း၊ (၁.၀၄) တန်၊ တန်ဖိုး ကန် ဒေါ်လာ (၀.၀၂၆၉)သန်း၊ ပုစွန်ငါးပိ (၁၅၅၇.၆၉)ဒေါ်လာနှုန်း၊ (၅.၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၁) သန်း၊ ငှက်ပျောသီး (၃၁၂) ဒေါ်လာနှုန်း၊ (၁၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၁၂)သန်း၊ ငရုတ်သီးစိမ်း (၈၀၁.၈၉) ဒေါ်လာနှုန်း၊ (၁၂၉.၀၇၇)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၁၀၃၅)သန်း၊ ကြက်သွန်နီ (၄၈၆.၇၆) ဒေါ်လာနှုန်း၊ (၆၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၃၁) သန်း၊ ဓနိဖက် (၁၃၃.၃၃) ဒေါ်လာနှုန်း၊ (၁၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၆)သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ သစ်သီး (၂၅၂.၅၁)ဒေါ်လာနှုန်း၊ (၈၉.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၂၆) သန်း၊ ငါးသေတ္တာ ဘူးခွံ (၃၄၀) ဒေါ်လာနှုန်း၊ (၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၇)သန်း၊ ကြွေပြား (၁)M2 လျှင် (၂.၅) ဒေါ်လာနှုန်း၊ (၈၀၀) M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂)သန်းဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀)ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်- တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News