Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၃၀-၁၂-၂၀၂၃ မှ ၅-၁-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် လိမ္မော်သီး (၆၆) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ(၁၅) တန်၊ တန်ဖိုး (၀.၀၅၃) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၄၁) တန်၊ တန်ဖိုး (၀.၁၀၇) ဒေါ်လာသန်း၊ ထောပတ်သီး(၄၀၃) တန်၊ တန်ဖိုး (၀.၂၁၇)ဒေါ်လာသန်း၊ငရုတ်သီးခြောက် (၃၀) တန်၊ တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၅၄) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၁၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်းအပါအဝင် ပို့ကုန်တန်ဖိုး (၀.၄၄၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၈၇၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၃၀-၁၂-၂၀၂၃ မှ ၅-၁-၂၀၂၄) တွင် ဓာတ်ဆီ (၁၁၉၆) BBL ၊ တန်ဖိုး(၀.၁၂၈) ဒေါ်လာသန်း၊ ဒီဇယ် (၃၄၀၆) BBL ၊ တန်ဖိုး(၀.၄၀၉) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၁၅၆) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၀၉၀) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၂၂၉) ဒေါ်လာသန်း ၊ဖန်ဆောက်လုပ်ရေးပစ္စည်းများ(၀.၀၀၄) ဒေါ်လာသန်း၊သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၆) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၉၆) ဒေါ်လာသန်း ၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၅၅) ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး (၁.၃၃၂) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News