Local News

စင်ကာပူနိုင်ငံသို့အရည်အသွေးမြင့် မြန်မာ့စိန်တလုံးသရက် တန် ၁၀၀ တငိပို့သွားမည်

Last Updated:

    စင်ကာပူနိုင်ငံကို ပင်လယ်ရေကြောင်းကနေ အရည်အသွေးမြင့် မြန်မာ့စိန်တလုံးသရက် တန်ချိန် (၁၀၀) ခန့် တင်ပို့ သွားမည်ဖြစ်ကြောင်း သဇင်နွယ်ကုမ္ပဏီက သိရသည်။ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က သဇင်နွယ်သရက်ခြံထွက် သရက်သီးတွေအပြင် ဒေသထွက် စိန်တလုံးသရက်သီးတွေကို စင်ကာပူဈေးကွက်ဆီ ဇွန်လဆန်းပိုင်းကတည်းက စတင်တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

     တစ်ရက်ကို သရက်သီး (၇-၈) တန် ဝင်ဆံ့သည့် ကွန်တိန်နာတွေနဲ့ စိန်တလုံးသရက် တန် ၄၀ ခန့်ကို ကွန်တိန်နာ ၅ စီးနဲ့ တင်ပို့ပြီးပြီးဖြစ်ကြောင်း ယခုနှစ်တွင် အသီးအထွက်နှုန်းနည်းပါးတာကြောင့် အရည်အျသွးမီ စိန်တလုံးသရက်သီးစျေး တိုးမြင့်ပေးဝယ်ရကြောင်း သဇင်နွယ် ကုမ္ပဏီမှ မန်နေဂျာ ဦးဌေးအောင်ကပြောသည်။ ‘‘ယခုနှစ် သရက်သီးရာသီမှာ ဇွန်လလယ်အထိ တန် ၁၀၀ ခန့် တင်ပို့ဖို့ ရည်မှန်းထားပါတယ်။ အရည်အသွေးမီ သရက်သီးတစ်တန် ပျမ်းမျှ ၁၂ သိန်းခွဲ ခန့် ပေးဝယ် ရပါတယ်​။ ပို့အရည်အသွေးကောင်းအသီးတွေကို စက်ရုံမှာ ပြင်ဆင်ထုတ်ပိုးတင်ပို့ပြီးတင်ပို့နေတာပါ" ဟု ၄င်းကပြောသည်။ 

      စင်ကာပူဈေးကွက်ကို တင်ပို့ရောင်းချနိုင်ဖို့ သရက်စိုက်တောင်သူတွေထံကနေ ၂၅၀ ဂရမ် - ၃၀၀ ဂရမ် အရွယ်အစားရှိတဲ့ စိန်တလုံးသရက်သီး တစ်တန်ကို ကျပ်ငွေ ၁၂ သိန်းခွဲအထိ ပေးဝယ်တာဖြစ်ပြီး မူဆယ်စျေး ကွက်ကိုတင်ပို့တာထက် စျေးကောင်းရရှိကြောင်း သိရသည်။ မြန်မာ့စိန်တလုံးကို ၂၀၁၉ ခုနှစ်ကတည်းက သင်္ဘောလိုင်းက အအေးခန်ကွန်တိန်နာများဖြင့် စတင်တင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ စိန်တလုံးသရက်သီးကို တရုတ်နိုင်ငံ သို့ မူဆယ်မှတဆင့် ဝမ်တိန်စျေးကွက်သို့ အများဆုံးတင်ပို့ ရောင်းချနေခြင်းဖြစ်သည်။

Source: https://t.me/htwettoe

Category: Local News