Local News

“မြန်မာ့ကော်ဖီပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ ရွာငံမြို့နှင့် ဟိုပုံးမြို့များတွင် ဆောင်ရွက်”

Last Updated:

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်ချို၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ်၊ ဒေါက်တာမိုးမိုးသွယ်တို့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့သို့ သွားရောက်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ကော်ဖီ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ မြို့နယ်ကော်ဖီအသင်း ရွာငံကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တို့နှင့် တွေ့ဆုံ၍ ကော်ဖီသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုး၍ စနစ်တကျ ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးနှင့် ကော်ဖီထုတ်ကုန်များကို စနစ်တကျ မှတ်ပုံတင်နိုင်ရေးတို့အတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

    ဆက်လက်ပြီး မေလ ၁၁ ရက်နေ့တွင် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့သို့ သွားရောက် ၍ မြို့နယ်ခန်းမတွင် စီးပွားရေးလုပ်ငန်းရှင်များ ကုန်ထုတ်လုပ်မှုဆိုင်ရာ အသင်းအဖွဲ့၊ အစုအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲများတွင် နိုင်ငံတော်မှ ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့၊ အစု အဖွဲ့ကိုယ်စားလှယ်များနှင့် ကော်ဖီ၊ လက်ဖက်တိုးချဲ့စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရေးဆောင်ရွက်နေမှုများအား အအေးခန်း စက်ရုံတည်ဆောက်ထားရှိမှု ဆက်လက်တိုးချဲ့ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ထွက်ရှိမည့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချနေမှု တန်ဖိုးမြှင့်ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

Category: Local News