Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်(5-9-2023) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် (5-9-2023) ရက်နေ့တွင်ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (1.108) သန်း ၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (1.118) သန်း ၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (2.226) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၃၂၃.၅၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၀၈) သန်း၊ ရော်ဘာ (၁၄၀.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၆၈) သန်း၊ ငါးရှဉ့် (၄၂.၈၈၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၉) သန်း၊ ကြေးနီ (၃၆.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၂) သန်း၊ ကဏန်း (၂၂.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၈၃) သန်း၊ သကာရည် (၂၅၂.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၈၂) သန်း၊ ရေခဲငါးရှဉ့် (၄၄.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၅)သန်း၊ မြေထောက်ပဲ(၃၃.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၄၉) သန်း၊ ဇီးဆံ (၁၇.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၀) သန်းနှင့် အမွှေးဆီ (၃.၂၄၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၃၂) သန်းတို့ ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၁၁၄) သန်း၊ အဝတ်အထည်များ တန်ဖိုးကန်ဒေါ်လာ (၀.၁၀၇) သန်း၊ ဖလင်ပြား တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၆) သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ(၀.၀၇၇) သန်း၊ သံဘောင် တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၉) သန်း၊ ယာဉ်နှင့်ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၇) သန်း၊ ကော်စေ့ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၄) သန်း၊ ပလပ်စတစ်ပြား တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၃) သန်း၊ သွပ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀) သန်းနှင့် ပန်းသစ်တော်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇) သန်းတို့ ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ (၅) ရက်နေ့ထိ  ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၅.၃၅၉) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (12.972) သန်း ၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (18.331) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၈၈.၀၈)ကျပ်ဖြင့်တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင်ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန် လျက်ရှိကြောင်း သိရှိရပါသည်။

အတက်ကုန်မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင်ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ် နှုန်း၊ ကုန်ပွတစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့်ရှိပါသည်။ (၅-၉-၂၀၂၃)ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ကြက်သွန်နီ (၁)တန်လျှင် ကန်ဒေါ်လာ (၆၄၂.၃၉၃) နှုန်း၊ ရော်ဘာ (၁)တန်လျှင် ကန်ဒေါ်လာ(၁၁၉၈.၂၇၆) နှုန်း၊ ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (၃၀၀၀.၅၇၃) နှုန်း၊ ကြေးနီ (၁) တန်လျှင် ကန်ဒေါ်လာ (၂၈၂၈.၆၇၁) နှုန်း၊ ကဏန်း(၁)တန်လျှင် ကန်ဒေါ်လာ (၃၈၀၀.၄၆၁)နှုန်း၊ သကာရည်(၁)တန်လျှင် ကန်ဒေါ်လာ(၃၂၅.၅၇၁)နှုန်း၊ရေခဲငါးရှဉ့်(၁)တန်လျှင်ကန်ဒေါ်လာ (၁၇၀၀.၇၆၉)နှုန်း၊ မြေထောက်ပဲ (၁)တန်လျှင် ကန်ဒေါ်လာ (၁၄၇၀.၇၁၇) နှုန်း၊ ဆီးဆံ(၁) တန်လျှင် ကန်ဒေါ်လာ (၂၃၉၀.၇၉၀) နှုန်း၊ အမွှေးဆီ(၁) တန်လျှင် ကန်ဒေါ်လာ (၉၈၁၇.၂၈၆)နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News