Local News

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိရာ  ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်  (ဧပြီလမှ  စက်တင်ဘာလအထိ)  ပို့ကုန်  အမေရိကန်ဒေါ်လာ (၃၁.၁၇၅)သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၅၁.၈၇၅)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၈၃.၀၅၀) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ၁၀-၁၀-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့မှု အနေဖြင့် Maganese Dioxide (၂၇၆) တန်၊  ကြက်သွန်နီ (၃၀) တန်နှင့် စက္ကူဖြတ်စ (၃၈) တန် တင်ပို့နိုင်ခဲ့သည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (စက်တင်ဘာလထိ) လျာထားချက်အပေါ် (၁၁၀.၃၇ %) ဆောင်ရွက်နိုင်ခဲ့သည်။ ၁၀-၁၀-၂၀၂၃ ရက်နေ့တွင် ဘိလပ်မြေ (၈၁၀) တန်၊ ​ကြွေပြား (၂၇၁၈) စတုရန်းမီတာ၊ သံချောင်း (၈.၁၃၀)တန်၊ ရေပိုက် (၃၃) ခု၊ မီးခံအုတ် (၃၁.၅)တန်၊ ဘိလပ်မြေ မျက်နှာကျက်ပြား(၁၉.၈၃၂)တန်၊ စားသောက်ကုန် (Chocolate Flavoured Ice Confection) (၃.၂၁၆) တန် တင်သွင်းခဲ့သည်။

ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲနှုန်း အနေဖြင့် ၁၀-၁၀-၂၀၂၃ ရက်နေ့တွင် ကျပ် (၁) သိန်းလျှင် (၁၀၈၅) ဘတ် ဖြစ်ပေါ်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News