Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် တစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာဖြင့် တန်ချိန် (၅၉၂) တန်နှင့် လောင်စာတောင့် တစ်တန်လျှင် (၁၆၈၀) ယွမ်/ (၂၃၀) ဒေါ်လာဖြင့် တန်ချိန် (၂၅.၀၀၀) တန် တင်ပို့နိုင်ခဲ့သည်။

အများဆုံးသွင်းကုန်ပစ္စည်းများ အနေဖြင့် တစ်တန်လျှင် သံပြားလိပ် (Iron Sheet In Coil) (၅၀၂၀) ဒေါ်လာဖြင့် (၂၇.၂၀၀) တန်၊ သံမှို (Iron Nail) (၆၆၀) ဒေါ်လာဖြင့် (၅၉.၃၀၀) တန်၊ သံပိုက် (Iron Pipe) (၆၅၀) ဒေါ်လာဖြင့် (၃၅.၅၀၀) တန်၊ မြက်ခင်းတု (Artificial Grass) (၆၅၀) ဒေါ်လာ ဖြင့် (၄၇.၅၀၀) တန်၊ ပန်းသီး (၄၂၃) ဒေါ်လာဖြင့် (၂၁.၇၀၀) တန်၊ လိမ္မော်သီး (၂၃၀) ဒေါ်လာဖြင့် (၄၄.၅၀၀)တန်၊ ကြွေပြား (Ceramic Tile Plain ) တစ်စတုရန်းမီတာလျှင် (၄.၁) ဒေါ်လာဖြင့် (၆၄၀၆) စတုရန်းမီတာတင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ) တင်သွင်းလျက် ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News