Local News

ရေထွက်ကုန်အချို့ ဈေးအတက်/အကျ ဖြစ်ပေါ်နေသော်လည်း ရေထွက်ကုန်အများစုနှင့် ရေချိုပုစွန်ထုပ်များ ဈေးငြိမ်နေ

Last Updated:

      ၂၀၂၅ နိုဝင်ဘာ ၇ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ရေထွက်ကုန်နှင့် ရေချိုပုစွန်ထုပ် တစ်ပိဿာပေါက်ဈေးနှုန်းများမှာ ငါးဒန် ကျပ် ၈၁၀၀၊ ငါးခုံးမ ကျပ် ၆၇၀၀၊ ငါးကြင်း ကျပ် ၉၂၀၀၊ ငါးကြင်းဖြူ(ဗိုက်ခွဲ)ကျပ် ၁၉၀၀၀၊ တီလားဗီးယား ကျပ် ၁၄၅၀၀၊ ပလာတူး ကျပ် ၈၅၀၀၊ ပလာလန်း ကျပ် ၁၃၅၀၀၊ ရွှေငါး ကျပ် ၉၀၀၀၊ ငါးနှပ် ကျပ် ၅၀၀၀ ၊ ငါးကွန်းရှပ် ကျပ် ၁၅၄၀၀၊ ငါးရွေးကြီး ကျပ် ၁၄၂၀၀၊ ငါးပျက် ကျပ် ၁၀၀၀၀၊ ရေချို ပုစွန်ထုပ်(စိမ်း)အကြီး ကျပ် ၉၃၀၀၀၊ အလတ် ကျပ် ၈၅၀၀၀၊ အငယ် ၆၂၀၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။ အောက်တိုဘာ ၃၁ တွင် ရေထွက်ကုန်နှင့် ရေချိုပုစွန်ထုပ် တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ ငါးဒန် ကျပ် ၇၈၀၀၊ ငါးခုံးမ ကျပ် ၆၃၀၀၊ ငါးကြင်း ကျပ် ၉၃၀၀၊ ငါးကြင်းဖြူ(ဗိုက်ခွဲ)ကျပ် ၁၉၀၀၀၊ တီလားဗီးယား ကျပ် ၁၃၃၀၀၊ ပလာတူး ကျပ် ၈၂၀၀၊ ပလာလန်း ကျပ် ၁၃၅၀၀၊ ရွှေငါး ကျပ် ၉၂၀၀၊ ငါးနှပ် ကျပ် ၄၂၀၀ ၊ ငါးကွန်းရှပ် ကျပ် ၁၅၄၀၀၊ ငါးရွေးကြီး ကျပ် ၁၄၂၀၀၊ ငါးပျက် ကျပ် ၁၀၀၀၀၊ ရေချို ပုစွန်ထုပ်(စိမ်း)အကြီး ကျပ် ၉၃၀၀၀၊ အလတ် ကျပ် ၈၅၀၀၀၊ အငယ် ၆၂၀၀၀ ကျပ် ဖြစ်ပေါ် ခဲ့သည့်အတွက် ယခင်ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ငါးဒန် ကျပ် ၃၀၀၊ ငါးခုံးမ ကျပ် ၄၀၀၊ ငါးနှပ် ကျပ် ၈၀၀ ဈေးတက်နေပြီး ငါးကြင်း ကျပ် ၁၀၀၊ တီလားဗီးယား ကျပ် ၁၂၀၀၊ ပလာတူး ကျပ် ၃၀၀၊ ရွှေငါး ကျပ် ၂၀၀ ဈေးကျ နေသော်လည်း ငါးကြင်းဖြူ(ဗိုက်ခွဲ)၊ ပလာလန်း၊ ငါးကွန်းရှပ်၊ ငါးရွေးကြီး၊ ငါးပျက်နှင့် ရေချိုပုစွန်ထုပ်များ ဈေးငြိမ်နေကြောင်း သိရသည်။

မွန်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News