Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၅-၁၁-၂၀၂၅ မှ ၈-၁၁-၂၀၂၅ ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးဈေးနှုန်းများ

Last Updated:

ကြက်သွန်နီ

      ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက် လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၁၆၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၁၄၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၉၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၄၅၀ ၊ မုံရွာသစ်ရှယ် ကျပ် ၁၇၀၀ ၊ မုံရွာလတ်ကြီး ကျပ် ၁၃၅၀ ၊ မုံရွာလတ်သန့် ကျပ် ၉၀၀ နှင့် မုံရွာလတ်ချော ကျပ် ၅၅၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်နီများဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့  ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၁၅ စီး(၆၉၀,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၈၅ စီး (၅၁၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၃၀ စီး (၁၈၀,၀၀၀ ပိဿာ) လျော့နည်းဝင်ရောက် ခဲ့ကြောင်းသိရသည်။    

ကြက်သွန်ဖြူ 

      ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်မြို့နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင် ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ် (ရှယ်)  ကျပ်  ၁၃၅၀၀၊ အောင်ပန်းထူး -၂   ကျပ် ၃၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၄၅၀၀ ၊ အောင်ပန်းထူး-၄  ကျပ်  ၅၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၆၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူ များ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ်ရေ ၃၉၀၀ (၁၁၇,၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန် ဖြူအိတ်ရေ ၂၆၀၀ (၇၈,၀၀၀ ပိဿာ) ဝင်ရောက် ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၁၃၀၀(၃၉,၀၀၀ ပိဿာ) လျော့နည်းဝင် ရောက်ခဲ့ကြောင်းသိရသည်။ 

အာလူး

      ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောင်ပန်းမြို့နှင့် တရုတ်မှ အာလူးများနေ့စဉ် ဝင်ရောက်လျက် ရှိရာ အာလူး(တစ်ပိဿာ)ဈေးနှုန်းများမှာ အောင်ပန်း OK ကျပ် ၅၅၀၀၊  အောင်ပန်း S1 ကျပ် ၆၀၀၀၊ အောင်ပန်း S2 ကျပ် ၆၈၀၀ နှင့် တရုတ်အာလူး ကျပ် ၆၇၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အာလူးများဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၂၆ စီး(၁၅၆,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်လည်းကားစီးရေ ၁၃ စီး(၇၈,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက်ကားစီးရေ ၁၃ စီး( ၇၈,၀၀၀ ပိဿာ) လျော့နည်း ဝင်ရောက်ခဲ့ကြောင်းသိရသည်။   

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News