Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၅-၁၁-၂၀၂၅ မှ ၈-၁၁-၂၀၂၅ ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော ပဲနှင့်အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ                                                   

      ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်)ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၂,၆၃၃,၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၂,၉၀၈,၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၂,၆၄၅,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၃,၀၀၀ နှင့် မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၂၈,၀၀၀ ဈေးကျဆင်းခဲ့ပြီး ပဲစင်းငုံ Red/ RC(2024 Crop) ကျပ်  ၁၀,၀၀၀ ဈေး မြင့်တက်ခဲ့သည်။  ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ ၁၄၀ လုံး (တန်ချိန် ၃၃၆၀)နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၃၅ လုံး (တန်ချိန် ၈၄၀)နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲကွန်တိန်နာ ၁၀၅ လုံး (တန်ချိန် ၂၅၈၀) လျော့ နည်းဝင်ရောက်ခဲ့ပြီး ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) ပိုမို ဝင်ရောက်ခဲ့ကြောင်းသိရသည်။  

ငရုတ်     

      ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၇,၅၀၀၊ မြားနီ ကျပ် ၈,၅၀၀ ၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၃၁,၀၀၀ ၊ ပျော်ဘွယ် မိုးထောင် ကျပ် ၁၁,၀၀၀ နှင့် မြစ်ဝပု(သစ်) ကျပ် ၂၉,၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း ပျော်ဘွယ်မိုးထောင် ကျပ် ၁,၀၀၀ နှင့် မြစ်ဝပု(သစ်) ကျပ် ၁,၀၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန် ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့  ယခင်အပတ်က ငရုတ်ရှည်အိတ် ပေါင်း ၁၄၀၀ (၂၈,၀၀၀ ပိဿာ)ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၁၁၀၀ (၂၂,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည်အိတ်ပေါင်း ၃၀၀ (၆,၀၀၀ ပိဿာ) လျော့ နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။   

မန်ကျည်းသီး 

      ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့်ကပ် (သစ်) ကျပ် ၅၈၀၀ နှင့် မန်ကျည်းအသား(သစ်) ကျပ် ၉၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  မန်ကျည်း သီးအသား (သစ်) ကျပ် ၅၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်မန်ကျည်းသီးမှာ ဈေးငြိမ်လျက်ရှိသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား 

      ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၆၄၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၇၀၅၀၊ ပခုက္ကူ ကြမ်း (သစ်)ကျပ် ၆၂၀၀၊ ရေစကြို ထန်းလျက်(သစ်) ကျပ် ၇၅၀၀၊ ကြံသကာ ကျပ် ၅၀၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၂၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာ နှင့် သကြားများဈေးငြိမ် လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News