Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂-၁၂-၂၀၂၃ မှ ၈-၁၂-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၆၁၃.၅) တန်၊ တန်ဖိုး (၀.၃၃၆)ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၁၆.၈) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၃၆) တန်၊ တန်ဖိုး (၀.၁၀၂) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၉၂) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ Maganese Dioxode (၁၈၈) တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၃၀) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်းအပါအဝင် ပို့ကုန်တန်ဖိုး (၀.၅၈၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခင်အပတ်ထက် လက်ဖက်ခြောက် (၀.၀၀၂) ဒေါ်လာသန်း၊ ထောပတ်သီး (၀.၁၀၇) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၀.၀၀၃) ဒေါ်လာသန်း ပိုမိုတင်ပို့ခဲ့ပါသည်။ တစ်ပတ် အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၁၈) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၂-၁၂-၂၀၂၃ မှ ၈-၁၂-၂၀၂၃) တွင် ဓာတ်ဆီ (၂၀၉၃) BBL ၊ တန်ဖိုး (၀.၂၄၁) ဒေါ်လာသန်း၊ ဒီဇယ် (၃၁၄၄) BBL ၊ တန်ဖိုး (၀.၄၁၆) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၀၅) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၇) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၆၈၈) ဒေါ်လာသန်း ၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ (၀.၁၃၃) ဒေါ်လာသန်း ၊ တာယာနှင့်ကျွတ်များ (၀.၀၀၂) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၅၁) ဒေါ်လာသန်းအပါအဝင် သွင်းကုန် တန်ဖိုး (၁.၇၇၉) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက သွင်းကုန်တန်ဖိုး (၀.၃၈၄) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News