International News

ကမ္ဘောဒီးယား၏ ပို့ကုန်များ စံချိန်တင်မြင့်တက်

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၆ ခုနှစ်၏ ပထမ ၄ လအတွင်း အမေရိကန်ဒေါ်လာ ၁၁.၁၂ ဘီလီယံ ဖိုးရှိသော ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး ၎င်းမှာ ယခင်နှစ်ကာလတူထက် ၂၁.၇ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း အထွေထွေအကောက်ခွန်နှင့် ယစ်မျိုးဌာန၏ မေလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘောဒီးယားပို့ကုန်များကို အများဆုံးတင်သွင်းသည့် နိုင်ငံ (၅) နိုင်ငံမှာ အမေရိကန်၊ ဗီယက်နမ်၊ ဂျပန်၊ တရုတ်နှင့် ကနေဒါတို့ ဖြစ်ကြသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ သွင်းကုန်စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၂.၂၆ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၁၈.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ယခုကဲ့သို့ ထူးထူးခြားခြား တိုးတက်လာရခြင်းမှာ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership) ၏ အကျိုးသက်ရောက်မှု၊ တရုတ်၊ တောင်ကိုရီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့နှင့် ချုပ်ဆိုထားသော ကုန်သွယ်ရေးသဘောတူညီချက်များကြောင့် ကမ္ဘောဒီးယားထုတ်ကုန်များမှာ အခွန်သက်သာခွင့်များ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖနွမ်းပင်ရှိ ကမ္ဘောဒီးယား နည်းပညာနှင့် သိပ္ပံတက္ကသိုလ်မှ ဒုတိယညွှန်ကြားရေးမှူး Thong Mengdavid ကလည်း RCEP သည် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်ရေးယန္တရားအတွက် အဓိကကျသော အုတ်မြစ်တစ်ခုဖြစ်လာကြောင်း မှတ်ချက်ပြုခဲ့သည်ဟု သိရှိရပါသည်။

Source:   https://www.doca.gov.mm

Category: International News