ပန်းဂေါ်ဖီစိမ်းသည် ၁၉၈၀ ပြည့်နှစ်ခန့်မှစ၍ မြန်မာပြည်တွင် စိုက်ပျိုးလာသောမျိုး ဖြစ်ပါသည်။ တောင်ပေါ်ဒေသနှင့် မြေပြန့်တွင်ပါ စိုက်ပျိုးနိုင်ပြီး တောင်ပေါ်ဒေသဖြစ်ပါက ဧပြီလ၊ မေလ၊ စက်တင်ဘာလ၊ အောက်တို ဘာလနှင့် မြေပြန်ဒေသဖြစ်ပါက စက်တင်ဘာလနှင့် အောက်တိုဘာလတွင် စိုက်ပျိုးနိုင်ပါသည်။ မြိတ်ခရိုင်တွင်စိုက်ပျိုးနိုင်သော်လည်း ဒေသတွင် အပွင့်ထွက်ရှိမှုနှေးခြင်း၊ အပွင့်ငယ်သဖြင့် စီးပွားဖြစ်တွက်ခြေမကိုက်ခြင်းကြောင့် စိုက်ပျိုးမှုနည်းပါကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီစိုက်ပျိုးရာတွင် ပန်းဂေါ်ဖီမျိုးစေ့ကို မြေအနည်းငယ် ထွန်ရက်ထားသောမြေတွင် ပျိုးထောင်ရပြီး ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများ ထည့်ပေးရပါသည်။ ပန်းဂေါ်ဖီသည် အေးသောရာသီတွင်သာ ပွင့်ပြီး အပူဒဏ်ကိုလည်း ခံနိုင်သောအပင်ဖြစ်ပါသည်။ ခြောက်သွေ့သောရာသီတွင် ပန်းအပွင့်မဖြစ်ပေါ်နိုင်ကြောင်း သိရှိရပါသည်။
ပန်းဂေါ်ဖီတွင် ရိုးရိုးအဖြူနှင့် ပန်းဂေါ်ဖီအစိမ်းဟူ၍နှစ်မျိုးရှိပြီး အစိမ်းသည် ပိုမိုနူးညံ့ပြီး ဗီတာမင်ကေပါဝင်မှုအထူးများပြားခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင်ကြောင်း သိရှိရပါသည်။ မြိတ်ဒေသတွင် ပန်းဂေါ်ဖီအဖြူထက် ပန်းဂေါ်ဖီအစိမ်းသည် ပို၍စျေးကောင်းရရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီဟာ အာဟာရဓာတ် အများအပြားပါဝင်သော ကျန်းမာရေးအထောက်အကူပြု ဟင်းသီးဟင်းရွက် ဖြစ်ပါသည်။ မြိတ်ခရိုင်တွင် ပန်းဂေါ်ဖီကို ရန်ကုန်ကုန်စည်ဒိုင်များမှ မှာယူလျက်ရှိပြီး ဒေသရှိ စျေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ပန်းဂေါ်ဖီအဖြူကို ကြော်စား၊ ချက်စားကြပြီး နူးညံ့သဖြင့် လူအများ ကြိုက်နှစ်သက်လျက် ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ယခုဒီဇင်ဘာလ၌ဖြစ်ပေါ်နေသော စျေးနှုန်းအရ ပန်းဂေါ်ဖီအဖြူတစ်ပွင့်လျှင် ၄၀၀၀ ကျပ်ခန့်နှင့် ပန်ဂေါ်ဖီအစိမ်းတစ်ပွင့်လျှင် ၆၀၀၀ ခန့်စျေးရှိပြီး အရွယ် အစားပေါ်မူတည်၍ စျေးနှုန်းကွဲပြားသွားကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm
ပန်းဂေါ်ဖီ(ခေါ်) ပန်းမုံလာ၏ အသုံးဝင်ပုံနှင့်စျေးနှုန်း
Category:
Local News