International News

ဗီယက်နမ်နိုင်ငံ လိုင်ချီးသီး ထိုင်းနိုင်ငံစူပါမားကတ်မှာ နေရာရ

Last Updated:

          ဗီယက်နမ်နိုင်ငံ လိုင်ချီးသီးတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ထိုင်းနိုင်ငံ ဈေးကွက်မှာရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီသစ်သီးဝလံတွေကို နိုင်ငံတွင်းမှာရှိတဲ့ အဓိကစူပါမားကတ်ဆိုင်ခွဲတွေမှာ ရောင်းချတဲ့အဆင့်ကို ပထမဆုံးအကြိမ် ရရှိလာခဲ့ပါတယ်။ "ထိုင်းစားသုံးသူများထံ လိုင်ချီးသီး လတ်လတ်ဆတ်ဆတ်များ ယူဆောင်လာတဲ့ ရှေ့ဆောင်လုပ်ငန်းတစ်ခုဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော် အလွန်ဝမ်းမြောက်မိပါတယ်" လို့ ထိုင်းနိုင်ငံသို့ လတ်ဆတ်လိုင်ချီးတင်ပို့တဲ့ Vifoco ရဲ့ ဥက္ကဋ္ဌ Nguyen Xuan Viet က ပြောကြားပါတယ်။ လာမယ့်နှစ်မှာ ထိုင်းနိုင်ငံသို့ ဗီယက်နမ်နိုင်ငံလိုင်ချီး တန်ချိန် ၁,၀၀၀-၂,၀၀၀ တင်ပို့နိုင်ဖို့ ၎င်းက မျှော်မှန်းထားပါတယ်။

         Siam Paragon ရှော့ပင်းမောလ်မှာ ရောင်းချတဲ့ ဗီယက်နမ်လိုင်ချီးကို ဈေးလာဝယ်သူများ စိတ်ဝင်တစား ရှိကြပါတယ်။ ထိုင်းနိုင်ငံမှာ ဗီယက်နမ်နိုင်ငံလိုင်ချီး ဖြန့်ချိတဲဘ Ekthai ရဲ့  စီအီးအို Somkiat Wongsakulchai က ကုမ္ပဏီအနေဖြင့် လာမယ့်နှစ်မှာ ဗီယက်နမ်နိုင်ငံလိုင်ချီသီးဆိုင်ခွဲများ တိုးချဲ့ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။ လိုင်ချီးကို ဗီယက်နမ်နိုင်ငံမှာ နေရာဒေသအများအပြားတွင် စိုက်ပျိုးကြပြီး အများစုမှာ မြောက်ပိုင်းရှိ Bac Giang ပြည်နယ်မှာ စိုက်ပျိုးကြတာကြောင့် ဗီယက်နမ်နိုင်ငံရဲ့  lychee စိုက်ပျိုးရေး အချက်အချာအဖြစ် လူသိများပါတယ်။Bac Giang ပြည်နယ်မှာ ၂၀၂၂ ခုနှစ်မှာ လိုင်ချီးတန်ချိန် ၁၉၉,၅၀၀ ဆွတ်ခူးခဲ့ပါတယ်။ ဝင်ငွေ ကန်ဒေါ်လာ သန်း ၂၉၀ ရရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ Bac Giang လိုင်ချီး တန်ချိန် ၇၅,၉၀၀ ပြည်ပတင်ပို့ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ပြီး အမေရိကန်စူပါမားကက်မှာ ရောင်းဈေး တစ်ပေါင် $14-15 ရှိပါတယ်။

Source: https://www.foodindustrydirectory.com.mm

Category: International News