Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၄-၉-၂၀၂၃ မှ ၈-၉-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2023 Crop) ကျပ် ၂၅၇၃၀၀၀၊ မတ်ပဲ SQ/RC  (2023 Crop) ကျပ် ၂၈၁၁၀၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop) ကျပ် ၃၉၅၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2023 Crop) ကျပ် ၆၈၀၀၀ နှင့် မတ်ပဲ SQ/RC  (2023 Crop) ကျပ် ၇၈၀၀၀ ဈေးကျဆင်းခဲ့ပြီး ပဲစင်းငုံ Red/RC (2023 Crop) ကျပ် ၂၀၀၀၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၁၀၀ လုံး ( တန်ချိန် ၂၄၀၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၁၁၀ လုံး  (တန်ချိန် ၂၆၄၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၁၀ လုံး ( တန်ချိန် ၂၄၀ ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၁၀၀၀၊ မြှားနီ ကျပ် ၁၁၀၀၀၊ အိမ်မဲ ကျပ် ၁၀၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၆၀၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၆၀၀၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၁၅၀၀ ( ၃၀၀၀၀ ပိဿာ )နှင့် ငရုတ်ပု အိတ်ပေါင်း ၅၅ ( ၈၂၅ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၉၀၀ ( ၃၈၀၀၀ ပိဿာ )နှင့် ငရုတ်ပု အိတ်ပေါင်း ၂၀၀ ( ၃၀၀၀ ပိဿာ)  ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၄၀၀ ( ၈၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၄၅ (၂၁၇၅ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။  

မန်ကျည်း

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၂၅၀၊ မန်ကျည်းအသား (သစ်) ကျပ် ၂၄၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိကြောင်းသိရသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိ ဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင် (ဒုံး) ကျပ် ၃၇၀၀၊ ညောင်ဦးဆေးရှယ် (ထန်း) ကျပ် ၄၁၀၀၊ ပခုက္ကူကြမ်း ကျပ် ၃၇၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၄၅၅၀၊ ကြံသကာ(စစ်) ကျပ် ၂၈၀၀နှင့် သကြား (ပြည်တွင်း) ကျပ် ၃၆၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင် သာမလိုင်(ဒုံး) ကျပ် ၅၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၂၀၀ နှင့် ကြံသကာ(စစ်)  ကျပ် ၃၀၀  ဈေးမြင့်တက်ခဲ့ပြီး သကြား(ပြည်တွင်း)  ကျပ် ၁၀ ဈေးကျဆင်းခဲ့သည်။

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ ၊ ဆိပ်ဖြူရှယ် ကျပ် ၃၄၅၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၃၄၀၀ ၊ ဆိပ်ဖြူလတ်သန့် ကျပ် ၃၃၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၂၈၀၀ ၊ မုံရွာရှယ် ကျပ် ၃၃၅၀  ၊ မုံရွာလတ်ကြီး ကျပ်  ၃၃၀၀ ၊  မုံရွာလတ်သန့် ကျပ် ၃၂၀၀ နှင့်  မုံရွာလတ်ချော ကျပ် ၂၉၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ၊ ဆိပ်ဖြူရှယ် ကျပ် ၂၀၀ ၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၀၀ ၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၀၀ ၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၀၀ ၊ မုံရွာရှယ် ကျပ် ၁၀၀  ၊ မုံရွာလတ်ကြီး ကျပ်  ၁၀၀ ၊  မုံရွာလတ်သန့် ကျပ် ၁၀၀ နှင့်  မုံရွာလတ်ချော ကျပ် ၁၀၀   အသီးသီးဈေးကျဆင်းခဲ့ သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၀၅ စီး( ၆၃၀၀၀၀ ပိဿာ )ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၇၇ စီး ( ၄၆၂၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့သော ကြောင့် ယခင်အပတ်ထက် ကြက်သွန်နီ ကားစီးရေ ၂၈စီး ( ၁၆၈၀၀၀ ပိဿာ) လျော့နည်းဝင် ရောက်ခဲ့ကြောင်းသိရသည်။

ကြက်သွန်ဖြူ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၈၀၀၀၊ အောင်ပန်းထူး-၂  ကျပ် ၇၈၀၀၊ အောင်ပန်းထူး-၃ ကျပ် ၈၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၉၀၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၉၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ်ကျပ် ၁၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၀၀၊ အောင်ပန်းထူး-၄ ကျပ် ၂၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၅၀၀ အသီးသီးဈေးကျဆင်းခဲ့ပြီး ကျန်ကြက်သွန်ဖြူမှာ ဈေးငြိမ်လျက်ရှိပါသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၂၆၀၀  (၇၈၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်  ကြက်သွန်ဖြူ အိတ် ၃၀၀၀ ( ၉၀၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၄၀၀ ( ၁၂၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။    

Source: Domestic(Ygn) MITC

Category: Local News