Local News

ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသတင်းအခြေအနေ

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  (၂-၁၂-၂၀၂၃) မှ (၈-၁၂-၂၀၂၃)အထိ အမှန်တင်ပို့ကုန် ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်နှင့် ဇီးယိုထုပ်တို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၉၃၅ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ် ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် မန်ကျည်းစေ့ တန်ချိန် ၆၅ တန် တင်ပို့ခဲ့ပါသည်။ မန်ကျည်းစေ့တင်ပို့နိုင်မှု ငွေပမာဏမှာ ၆၅၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ် ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်မှုကုန်ချောအနေဖြင့် ဇီးယိုထုပ် တန်ချိန် ၂၉ တန် တင်ပို့ခဲ့ပါသည်။ ဇီးယိုထုပ် တင်ပို့နိုင်မှု ငွေပမာဏမှာ ၇၂၅၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News