Local News

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရောင်းချနေသော ပဲမြစ်နှင့် အာဒါလွတ်ဥ ဈေးနှုန်း

Last Updated:

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် မန်ကျည်းတောဒေသထွက် ပဲမြစ်နှင့်အာဒါလွတ်ဥများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန်ကျည်းတောပဲမြစ်နှင့် အာဒါလွတ်ဥများကို ဒေသတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် စိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အတွက် မန်ကျည်းတော ပဲမြစ်နှင့်အာဒါလွတ်ဥများ စိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။   
    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်အတွင်း ရောင်းချနေသော မန်ကျည်းတောပဲမြစ်နှင့် အာဒါလွတ်ဥ ဈေးနှုန်းမှာ မန်ကျည်းတော ပဲမြစ် ၂၅ ကျပ်သားလျှင် (၁၂၅၀ )ကျပ်၊ ၅၀ ကျပ်သားလျှင် (၂၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ အလားတူ အာဒါလွတ်ဥဈေးနှုန်းများမှာ ၂၅ ကျပ်သားလျှင် (၉၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင်(၁၉၀၀) ကျပ်၊ တစ်ပိဿာလျှင် (၃၈၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသောဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။    
Source: https://www.doca.gov.mm

Category: Local News