Local News

ပြည်ပသို့ ယခုဘဏ္ဍာနှစ် ဧပြီလနှင့် မေလအတွင်း ကုလားပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုံးသိန်းကျော် ရရှိခဲ့

Last Updated:

          ပြည်ပသို့ ယခုဘဏ္ဍာနှစ် ဧပြီလနှင့် မေလအတွင်း ကုလားပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုံးသိန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

         ပြည်ပသို့ ကုလားပဲများတင်ပို့ရာတွင် ယခုဘဏ္ဍာနှစ် ဧပြီလနှင့် မေလအတွင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက တင်ပို့ရောင်းချမှုမရှိသေးသော်လည်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းက အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂ သိန်းဖိုးထိ တင်ပို့ ရောင်းချပေး ခဲ့ရကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က ကုလားပဲတင်ပို့ရောင်းချပေးမှုမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၃၉ သန်းထိ နိုင်ငံခြားဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

          ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်တွင် ကုလားပဲဈေးနှုန်းများမှာ မတ်ပဲ၊ ပဲစင်းငုံ ဈေးတို့နှင့် တန်းတူဖြစ်နေသဖြင့် လက်ရှိတွင် ကုလားပဲပေါက်ဈေးနှုန်း၏ အခြေအနေကို ခန့်မှန်း၍မရကြောင်း၊ သို့သော် တောင်သူများနှင့်ကုန်သည်များက အမြင့်ဈေးကို မျှော်မှန်းနေ ကြောင်း သိရသည်။

          လက်ရှိတွင် ရန်ကုန်မြို့ဘုရင်နောင် ကုန်စည်ဒိုင်ဈေးကွက်၏ ကုလားပဲဈေးနှုန်းများမှာ ကုလားပဲလုံးဖြူ တစ်ပိဿာလျှင် ငွေကျပ် ၄၄၀၀ မှ ၄၅၀၀၊ ကုလားပဲလုံးဖြူကြီး တစ်ပိဿာ လျှင် ငွေကျပ် ၄၅၀၀ မှ ၄၆၀၀၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ငွေကျပ် ၅၈၀၀ မှ ၆၀၀၀ ထိရှိပြီး ကုလားပဲလုံးဖြူကြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၅၀ မှ ၁၀၀၀ ထိ ပေါက်ဈေးရှိနေ ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News