International News

တရုတ်နိုင်ငံ၏ အဓိက အစိမ်းရောင် ထုတ်ကုန်များ တင်ပို့မှုသည် ပထမနှစ်ဝက်တွင် ၆၁.၆ ရာခိုင်နှုန်းတိုးတက်လာ

Last Updated:

     တရုတ်နိုင်ငံ၏ အဓိကနည်းပညာသုံး အစိမ်းရောင်ထုတ်ကုန်သုံးမျိုးဖြစ်သည့် ဆိုလာဘက်ထရီများ၊ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီများနှင့် လျှပ်စစ်မော်တော်ယာဉ်များ၏ စုစုပေါင်းတင်ပို့မှုတန်ဖိုးမှာ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ယမန်နှစ်ကာလတူကထက် ၆၁.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဇူလိုင် ၁၃ ရက်၌ အကောက်ခွန်ဌာနအချက်အလက်များကို ထုတ်ပြန်ခဲ့သည်။

     အဆိုပါထုတ်ကုန်များက ယင်းကာလအတွင်း ပို့ကုန်စုစုပေါင်းတိုးတက်မကို ပွိုင့် ၁.၈ ရာခိုင်နှုန်းပံ့ပိုးပေးခဲ့ကြောင်း အထွေထွေအကောက်ခွန် ဦးစီးဌာနမှ သိရသည်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်ပစ္စည်း တင်သွင်းမှုနှင့် တင်ပို့မှုမှာ ယွမ် ၂၀.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၈ထရီလီယံ) ရှိပြီး ယမန်နှစ်ကာလတူကထက် ၂.၁ ရာခိုင်နှုန်းတိုးလာကြောင်း အချက်အလက်များတွင် ဖော်ပြထားချက်အရ သိရသည်။ 

Source: https://xinhuamyanmar.com

Category: International News