Local News

ပြည်နှင့် ပေါက်ခေါင်းမြို့နယ်များတွင် မိုးမြေပဲ စတင်ထွက်ပေါ်

Last Updated:

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်များ၌ မိုးလယ်ကာလတွင် မိုးမြေပဲများ စတင်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးမြေပဲများကို မိုးဦးကာလဖြစ်သော ဇွန်လတွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးပြီး (၃) လအကြာ မိုးလယ်ကာလတွင် စတင်ထွက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မိုးမြေပဲများ စတင်စိုက်ပျိုးချိန်မှစ၍ သီးနှံထွက်ရှိချိန်အထိ တစ်ဧကလျှင် (၆၅၀,၀၀၀-၇၀၀,၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအမျိုးအစားပေါ်မူတည်၍ တစ်ဧကလျှင် မြေပဲတင်း (၈၀) ခန့် ထွက်ရှိပြီး မြေပဲအတောင့် တစ်တင်းလျှင် အစေ့အဆံအပေါ်မူတည်၍ မြေပဲဆန်(၅)ပိဿာနှုန်းဖြင့် ပိဿာ (၄၀၀) ခန့် ထွက်ရှိကြောင်းသိရသည်။ တောင်သူများအနေဖြင့် မြေပဲများကို ကြိတ်ခွဲ၍ ရောင်းချကြပြီး မြေပဲဆန် တစ်ပိဿာလျှင် မြေပဲအမျိုးအစားအပေါ် မူတည်၍ ဈေးနှုန်းကွဲပြားမှုရှိပြီး မြေပဲဆန်(အဖြူ) တစ်ပိဿာလျှင် (၅,၅၀၀) ကျပ်နှင့် မြေပဲဆန်(အနီ) တစ်ပိဿာလျှင် (၇,၅၀၀) ကျပ် ဈေးနှုန်းများဖြင့် မြေပဲခွဲစက်များသို့ ရောင်းချကြကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News