Local News

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှ ဩဂုတ်လထိ) ပို့ကုန် အမေရိကန်ဒေါ်လာ (၂၈.၉၉၃) သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၄၃.၁၅၉) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၇၂.၁၅၂) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူတန်ချိန် (၄၇.၅) တန်၊ ကော်ဖီစေ့ (၁၇)တန်၊ ကတ်ထူစက္ကူ အဟောင်း တန်ချိန် (၃၆) တန် တင်ပို့နိုင်ခဲ့သည်။ သွင်းကုန်အနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်ပြီး ဒီဇယ် (၂၆၂) BBL၊ ဓါတ်ဆီ (၅၉၈) BBL၊ ဘိလပ်မြေ (၃၆၀)တန်၊ မီးခံအုတ် (၃၅) တန်၊ ကွန်ကရစ်အမိုးပြား (၇.၅၅၀) တန်၊ မှန်ချပ် (၁၀၀၀) စတုရန်းမီတာ နှင့် အခြား ပစ္စည်းများ တင်သွင်းနိုင်ခဲ့သည်။

ငွေလဲနှုန်း အနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာကျပ်ငွေ (၁) သိန်းလျှင် (၁၀၁၀) ဘတ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News