International News

ပြည်ပဆန်သတင်း (၃၁-၁၀-၂၀၂၃) ရက်နေ့မှ (၆-၁၁-၂၀၂၃) ရက်နေ့အထိ

Last Updated:

ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀ မှတ်ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၈ ဖြင့်လည်းကောင်း၊  ၂၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၈ ဖြင့်လည်ကောင်း စျေးနှုန်းအနည်းငယ်ကျဆင်းသွားပြီး ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ၅၈၄ဖြင့် စျေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်းသိရှိရသည်။

ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၇ ဖြင့်လည်းကောင်း၊ ၂၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၂ ဖြင့်လည်းကောင်း စျေးနှုန်းမြင့်တက်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်းကို ဖော်ပြထားခြင်းမရှိပါ။

အိန္ဒိယဆန်စျေးနှုန်းများမှာ ၅ မှတ်ဆန်နှင့် ၂၅ မှတ်ဆန်ဈေးနှုန်းတို့ကို ဖော်ပြထားခြင်းမရှိပါ။ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၂ ဖြင့် ဈေးနှုန်းကျဆင်းနေကြောင်းသိရှိရပါသည်။

ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၇ ဖြင့်လည်းကောင်း၊ ၂၅ မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၂ ဖြင့်လည်းကောင်း၊ ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၅၀ ဖြင့်လည်းကောင်း ဈေးနှုန်းအနည်းငယ်မြင့်တက်သွားပြီး ဆန်ကွဲစျေးနှုန်းကို ဖော်ပြထားခြင်းမရှိပါ။

Source: https://www.doca.gov.mm

Category: International News