Local News

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှု လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ ၁ ရက်မှ ၁၂ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၀.၈၁၈) သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၃.၀၅၇) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၃.၈၇၅) သန်းဆောင်ရွက်နိုင်ခဲ့သည်။ ၁၂-၁၂-၂၀၂၃ ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၈၈) တန်၊ ကြက်သွန်နီ (၁၅) တန်၊ လိမ္မော်သီး (၁၃.၂) တန်နှင့် စက္ကူဖြတ်စ (၂၄) တန်တို့ တင်ပို့နိုင်ခဲ့သည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိပြီး ၁၂-၁၂-၂၀၂၃ ရက်တွင် ဓာတ်ဆီ၊ ဒီဇယ်၊ မီးခံအုတ်၊ ကွန်ကရစ်အမိုးပြား၊ ဘိလပ်မြေ၊ မျက်နှာကျက်ပြား၊ ​ကြွေပြား၊ ဘိလပ်မြေ၊ မှန်ချပ်၊ ပလပ်စတစ်ခြင်းနှင့် ဆပ်ပြာတို့ တင်သွင်းခဲ့သည်။

ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲနှုန်းအနေဖြင့် (၁၂-၁၂-၂၀၂၃) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၁၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

Source: (DOT တာချီလိတ်)

Source: https://commerce.gov.mm

Category: Local News