Local News

အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များကို Online CO Application System ဖြင့် စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိ

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် လွတ်လပ်သော ကုန်သွယ်မှုဒေသသဘောတူစာချုပ်များနှင့် အကောက်ခွန်သက်သာခွင့်အစီအစဉ်များအရ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များကို Online CO Application System ဖြင့် စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အာဆီယံ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တင်ပို့သော ကုန်စည်များ၏ အကောက်ခွန်သက်သာခွင့်အတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ အာဆီယံပြတင်းတစ်ပေါက်စနစ်မှတစ်ဆင့် အချက်အလက် လဲလှယ် ဆောင်ရွက်သည့် e-ATIGA Form D Data Exchange ကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် Hard Copy Form D ကို စနစ်ချို့ယွင်းမှု (System Breakdown) ဖြစ်ပွားချိန်တွင်သာ ကိစ္စရပ်အလိုက် စိစစ်၍ ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

Category: Local News