Local News

ကျိုက်လတ်မြို့နယ်တွင် ဒေသထွက် ခရမ်းသီးအဝိုင်းများ အရောင်းသွက်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တွင် ဒေသထွက် ခရမ်းသီးအဝိုင်းများ ဝယ်ယူမှုကောင်းပြီး အရောင်းသွက်နေကြောင်း ကျိုက်လတ်မြို့နယ်မှ ကုန်စိမ်းမျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်စန်းဌေးက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်တွင် လက်ရှိဒီဇင်ဘာလသည် ဒေသထွက်ခရမ်းသီးအဝိုင်းများ ထွက်ရှိပြီး လက်ရှိဒီဇင်ဘာလအတွင်း ဝယ်ယူမှုအားကောင်းပြီး အရောင်းသွက်နေကြောင်း၊ အဆိုပါဒေသတွင်ထွက်ရှိသည့် ခရမ်းသီးအဝိုင်းများလက်ရှိ တစ်ရက်လျှင် အလုံးရေ ၆၀၀ ပါ ငါးခြင်းမှ ၁၀ ခြင်းထိ အ‌ရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“လက်ရှိ ကျိုက်လတ်မြို့နယ်က နေထွက်ရှိတဲ့ခရမ်းသီးအဝိုင်းတွေ အဝယ်လိုက်နေပါတယ်။ အခြားဒေသကုန်စိမ်းဈေးကွက်က ဝယ်လက်တွေက အဝယ်များနေတယ်။ အခြားဒေသတွေကို အလုံးရေ ၆၀၀ ထိပါတဲ့ ခြင်းတွေနဲ့ တင်ပို့ရောင်းချနေတာပါ။ ဒေသထွက်ခရမ်းသီးအဝိုင်းတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်တာ တွေ့ရပါတယ်။ အခုနှစ်ခရမ်းသီးတွေက အရည်အသွေးကောင်းသလို အထွက်နှုန်းလဲကောင်းနေပါတယ်” ဟု ကျိုကလတ်မြို့နယ်မှ ကုန်စိမ်းမျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်စန်းဌေးက ပြောပြသည်။

ကျိုက်လတ်မြို့နယ်တွင် လက်ရှိဒီဇင်ဘာလအတွင်း စိုက်ပျိုးသည့် ကုန်စိမ်းများ စတင်ထွက်ရှိပြီး အရောင်းအဝယ်ပြုလုပ်နေသည့် ကာလဖြစ်ပြီး ခရမ်းသီးအဝိုင်းအလုံးရေ ၆၀၀ ပါ တစ်ခြင်းလျှင် ငွေကျပ် ၁၁၁၀၀၀ ဈေးပေါက်နေကြောင်း၊ အဆိုပါ ဒေသထွက်ခရမ်းသီးများအပါအဝင် အခြားကုန်စိမ်းများကို ကျိုက်လတ်ဈေး၊ ဘိုကလေး၊ မအူပင် စသည့်‌ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဒေါ်စန်းဌေးက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News