Local News

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများနှင့်စီးထွက်မှုအခြေအနေ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၏ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနက်မုံရွာခရိုင်တွင် စပါး၊ ဆန်ဈေးနှုန်းများ အနည်းငယ်တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ (ဒုတိယပတ်) တွင် ဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) ၂၄ ပြည် တစ်အိတ်လျှင် ၉၅,၀၀၀ ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း) ၂၄ ပြည် တစ်အိတ်လျှင် ၁၄၅,၀၀၀ ကျပ်၊ ရွှေဘိုဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်) (သစ်) ၂၄ ပြည် တစ်အိတ်လျှင် ၉၀,၀၀၀ ကျပ်၊ ဧရာမင်း (ဆန်) (ဟောင်း) ၂၄ ပြည် တစ်အိတ်လျှင် ၁၄၅,၀၀၀ ကျပ်၊ နွေစပါး (ရွှေဝါထွန်း) စပါးတင်း ၁၀၀ လျှင် ကျပ် ၁,၈၀၀,၀၀၀၊ နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ ပြည် တစ်အိတ်လျှင် ၉၅,၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း) ၂၄ ပြည် တစ်အိတ်လျှင် ၁၄၅,၀၀၀ ကျပ်၊ ရွှေဘိုဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်) (သစ်) ၂၄ ပြည် တစ်အိတ်လျှင် ၉၀,၀၀၀ ကျပ်၊ ဧရာမင်း (ဆန်) (ဟောင်း) ၂၄ ပြည် တစ်အိတ်လျှင် ၁၄၅,၀၀၀ ကျပ်၊ နွေစပါး (ရွှေဝါထွန်း) စပါးတင်း ၁၀၀ လျှင် ကျပ် ၁,၈၀၀,၀၀၀၊ နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ (စပါး) (သစ်) တင်း ၁၀၀ လျှင် ၁,၇၀၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌ ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀၊ ဧည့်မထ (စပါး) (‌ဟောင်း) တင်း ၁၀၀ လျှင် ၂,၈၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၀၅,၀၀၀၊ ငစိန် (စပါး) တင်း ၁၀၀ လျှင် ၂၈၀၀,၀၀၀၊ ငစိန်(ဆန်) ၂၄ ပြည်တစ်အိတ်လျှင် ၉၅,၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁,၇၀၀,၀၀၀၊ ဧရာမင်း (ဆန်) (သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅,၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂,၈၀၀,၀၀၀၊ ဧရာမင်း (ဆန်) (‌ဟောင်း) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၁၀,၀၀၀၊ နွေစပါး (ဒေသမျိုး) (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၁၀၀,၀၀၀၊ နွေစပါး (ဒေသမျိုး) (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ (၃) (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၁,၂၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၆၀,၀၀၀၊ ဆင်းဧကရီ (၃) (စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း (ဆန်) ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ နွေစပါး (ဆင်း-၃) (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃) (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂,၃၀၀,၀၀၀၊ ဧရာမင်း (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၅,၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ဧရာမင်း (ဆန်) (ဟောင်း)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၃၅,၀၀၀၊ ပေါ်ဆန်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်)(သစ်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀၊ ပေါ်ဆန်း (စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၄,၀၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) (ဟောင်း) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၆၀,၀၀၀၊ မနောသုခ(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁,၇၀၀,၀၀၀၊ မနောသုခ (ဆန်) (သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀၊ မနောသုခ (စပါး) (ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်) (ဟောင်း)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၉၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၂၇,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၅၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၂၅,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၆၅၀,၀၀၀၊ ရွှေဝါထွန်း (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ ဒီဇင်ဘာလ(ပထမပတ်) တွင် ရန်ကုန်သို့ အိတ်ရေ ၉,၅၀၀၊ မန္တလေးသို့ အိတ်ရေ ၁၄,၃၀၀၊ ကချင်သို့ အိတ်ရေ (၁၀၀၅၂)၊ မကွေးသို့ အိတ်ရေ ၂,၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၂,၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂,၃၀၀၊ ချင်းသို့အိတ်ရေ ၁,၆၂၇၊ မွန်သို့အိတ်ရေ ၂,၆၁၀ စုစုပေါင်းအိတ်ရေ (၄၄၆၈၉) အိတ်၊ တန်အားဖြင့် (၂၂,၃၄) တန် စီးထွက်ခဲ့ပြီး ဒီဇင်ဘာလ (ဒုတိယပတ်) တွင် ရန်ကုန်သို့ အိတ်ရေ ၁၃,၂၀၀၊ မန္တလေးသို့အိတ်ရေ ၁၇,၃၀၀၊ ကချင်သို့အိတ်ရေ ၂,၇၈၈၊ နေပြည်တော်သို့ အိတ်ရေ ၃,၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂,၃၀၀၊ မွန်သို့အိတ်ရေ ၂,၇၈၀ စုစုပေါင်းအိတ်ရေ (၄,၁၈၆၈) အိတ်၊ တန်အားဖြင့် (၂၀၉၃) တန် စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၂၈၂၁) အိတ်၊ တန်အားဖြင့် (၁၄၁) တန် လျော့နည်း၍ စီးထွက်ခဲ့ကြောင်း သိရသည်။

Source: DOCA(စစ်ကိုင်း)

Source: https://commerce.gov.mm

Category: Local News