Local News

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆန် အရောင်းသွက်၍ ဈေးမြင့်လာ

Last Updated:

ဇန္နဝါရီလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့  မန္တလေးမြို့အောက်ပိုင်းဒေသများမှ မြေပဲဆန်များဝင်ရောက်လျှက်ရှိပြီး အရောင်းအဝယ်သွက် နေကြောင်းသိရသည်။ မြေပဲလုံးဆန် များကို တရုတ်ဝယ်လက်မှ ဝယ်ယူမှုရှိပြီး၊ ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူနေသောကြောင့် မြေပဲဆံ တစ်ပိဿာလျှင် ယခင်တစ်ပတ်ထက် ကျပ်  ၃၀၀ မှ ၁၄၀၀ ထိမြင့်တက်လာကြောင်း မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

မြေပဲလုံးဆန် (နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၆၀၀ မှ ၈၂၀၀၊ ယခင်တစ်ပတ်ကျပ် ၇၃၀၀ မှ ၇၆၀၀၊ ယခင်လကျပ် ၆၂၀၀ မှ ၆၈၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀ မှ ၆၀၀၊ ယခင်လထက်ကျပ်  ၁၄၀၀ မြင့်တက်လာသည်။

မြေပဲလုံးဆန် (ဖြူ) တစ်ပိဿာ ဈေးနှုန်းများမှာ ယခု တစ်ပတ် ကျပ် ၆၈၀၀ မှ ၇၁၀၀၊ ယခင် တစ်ပတ်ကျပ် ၆၃၀၀ မှ ၆၈၀၀၊ ယခင်လကျပ် ၅၈၀၀ မှ ၆၂၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀ မှ ၅၀၀၊ ယခင်လထက် ကျပ် ၉၀၀ မှ ၁၀၀၀ မြင့်တက်လာသည်။

S1 ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၅၇၀၀ မှ ၆၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၈၀၀ မှ ၆၂၀၀၊ ယခင်လကျပ် ၅၄၀၀ မှ ၅၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၂၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၃၀၀ မှ ၅၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး 

Category: Local News