Local News

မန္တလေးကုန်စည်ဒိုင်တွင် မတ်ပဲ နှင့် ပဲစင်းငုံ (နီ) အိန္ဒိယမှအဝယ်လိုက်၍ဈေးမြင့်လာ

Last Updated:

ဇန္နဝါရီလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပို့ကုန်ပဲများအရောင်းအဝယ် သွက်လာပြီးဈေးမြင့်လာကြောင်း၊ ဧရာဝတီမြစ်အထက်ပိုင်းနှင့် အညာဒေသဘက်မှ မတ်ပဲနှင့် ပဲစင်းငုံ(နီ) များဝင်ရောက်လျှက်ရှိပြီး အိန္နိယနိုင်ငံမှ ဝယ်လိုအား ရှိနေသောကြောင့် ဈေးမြင့် လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲစင်းငုံ(နီ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၃၅၀၀၀၊ ယခင် တစ်ပတ် ကျပ် ၃၁၇၀၀၀ မှ ၃၁၈၀၀၀၊ ယခင်လ ကျပ် ၃၀၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက်ကျပ် ၁၇၀၀၀ မှ ၁၈၀၀၀၊ ယခင်လထက် ကျပ် ၃၅၀၀၀ မြင့်တက်လာသည်။

မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၈၀၀၀၀ မှ ၂၉၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၄၀၀၀၀ မှ ၂၈၅၀၀၀၊ ယခင်လ ကျပ် ၂၃၀၀၀၀ မှ ၂၇၈၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၄၀၀၀၀၊ ယခင်လထက်ကျပ် ၁၂၀၀၀ မှ ၅၀၀၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News