ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ တတိယမြောက် အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် နှစ်နှစ်ဆက်တိုက်ရပ်တည်နိုင်ခဲ့ကြောင်း ဒေတာအချက်အလက်များအရသိရပါသည်။ ၂၀၂၃ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ (၇၉.၄၃) ဘီလီယံရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၅၃.၄၉) ဘီလီယံရှိကာ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ (၂၇.၅၅) ဘီလီယံရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၊ နိုင်ငံတကာကုန်သွယ်ရေးအသင်း၏ ဒေတာအချက်အလက်များအရသိရပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ နံပါတ်တစ်ကုန်သွယ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ (၂၆၇.၆၆) ဘီလီယံဖြင့် ရပ်တည်ခဲ့ပြီး နံပါတ်နှစ်နေရာတွင် အမေရိကန်နိုင်ငံက အမေရိကန်ဒေါ်လာ (၁၈၆.၉၆) ဘီလီယံဖြင့် ရပ်တည်လျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသည့် ကုန်ပစ္စည်းများမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ အာရုံခံကိရိယာများ၊ Flat Panel များ၊ ရေနံထွက်ပစ္စည်းများ၊ ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းများ၊ ကော်စေ့များဖြစ်ကြောင်းသိရှိရပါသည်။
Source: https://www.doca.gov.mm