Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့မှ (၁၁) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၃၂၃)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၄၆၄)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၇၈၇)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၇) ရက်နေ့ မှ (၁၁) ရက်နေ့အထိ လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၉၆) တန်၊ (၀.၀၃၆၅) ဒေါ်လာသန်း၊ ငရုတ်သီး (၁၈၁.၄၆) တန်၊ တန်ဖိုး (၀.၁၄၂၆) ဒေါ်လာသန်း၊ ငှက်ပျောသီး (၁၅) တန်၊ တန်ဖိုး (၀.၀၀၄၆) သန်း၊  ရေထွက် ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၁၀၀.၀၂၀) တန်၊ တန်ဖိုး (၀.၁၄၃၂) ဒေါ်လာသန်း၊  သစ်တောထွက်ပစ္စည်းအနေဖြင့် ဓနိဖက် (၁၈) တန်၊ တန်ဖိုး (၀.၀၀၂၄) ဒေါ်လာ သန်း၊ စက်မှုကုန်ချောပစ္စည်း အနေဖြင့် တံမြက်စည်း (၁၅၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၃၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၂၃.၅) တန်၊ တန်ဖိုး (၀.၀၀၅၉) ဒေါ်လာသန်း၊ Gypsum Board (၃၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅၀) ဒေါ်လာသန်း၊  A4 စက္ကူ (၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၅၅) ဒေါ်လာသန်း၊ ကြွေပြား (၃၃၀၀) M2 ၊ တန်ဖိုး (၀.၀၀၇၉) ဒေါ်လာသန်း၊ ဖိနပ် (၁၈၀၀၀) 2U၊ (၀.၀၀၂၁) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၉၅၀.၅၅) ဒေါ်လာနှုန်း၊ ပုစွန် (၄၀၃၀.၀၀) ဒေါ်လာနှုန်း၊ ကဏန်း (၂၃၅၀.၀၀) ဒေါ်လာ နှုန်း၊ ကင်းမွန် (၁၆၃၆.၃၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၅၀.၂၀၀) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၈၅.၆၂၀) ဒေါ်လာနှုန်း၊ ငှက်ပျောသီး (၃၀၆.၆၇၀) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၃၃.၃၃၃၃) ဒေါ်လာသန်း၊ တံမြက်စည်း တစ်ချောင်းလျှင် (၀.၂) ဒေါ်လာနှုန်းဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၂၅၁.၀၆၄) ဒေါ်လာနှုန်း၊ Gypsum Board (၁၆၆.၆၇) ဒေါ်လာနှုန်း၊ A4 စက္ကူ (၁၂၇၅) ဒေါ်လာနှုန်း၊ ကြွေပြား (၁)M2   (၂.၃၉၄) ဒေါ်လာနှုန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ်နှင့် ကုန်ပွ (၇၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၁-၂-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၁၂)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၈.၈) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News