ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမလေးလပတ်တွင် ပုံသေပိုင်ဆိုင်မှု ရင်းနှီးမြှုပ်နှံ မှု အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံကို ဆွဲဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ် ပါက ၃၄ ရာခိုင်နှုန်း တိုးလာကြောင်း ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ မေလ ၆ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အရှေ့တောင်အာရှနိုင်ငံသည် ယခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း ရင်းနှီးမြှုပ်နှံမှု ပရောဂျက် ၂၃၁ ခုကို အတည်ပြုခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူ ကာလတွင် စီမံကိန်း ၁၂၈ ခုထက် ၈၀ ရာခိုင်နှုန်း တိုးကာ အလုပ်အကိုင် ၁၅၉၀၀၀ ခန့် ဖန်တီးပေးခဲ့ သည်ဟု CDC က ဆိုသည်။ အဓိက ပရောဂျက်များတွင် အော်တိုဂိုထောင် စက်ကိရိယာများ ထုတ်လုပ်သည့်စက်ရုံ၊ ကားတာယာစက်ရုံ၊ ကားတပ်ဆင်စက်ရုံ၊ လျှပ်စစ် သုံးဘီးတပ်ဆင်စက်ရုံ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ ထုတ်လုပ်သည့် စက်ရုံ၊ ဆိုလာပြား ထုတ်လုပ်သည့် စက်ရုံ၊ သတ္တုနှင့် အလူမီနီယံ ပြုပြင်ထုတ်လုပ်သည့် စက်ရုံ၊ ခရီးသွား အပန်းဖြေ စခန်းတို့ ပါဝင်သည်။ တရုတ်နိုင်ငံသည် နိုင်ငံ၏ ထိပ်တန်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက်ရပ်တည်နေကြောင်း CDC က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံခြားရေး ၀န်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက် နှင့် တရုတ်၊ တောင်ကိုရီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် (FTAs) တို့သည် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကို ဆွဲဆောင်ရန် အဓိကအချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ RCEP သဘောတူ ညီချက်နှင့် အခြားနှစ်နိုင်ငံ FTA များသည် ကမ္ဘောဒီးယားသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ အတွက် အားထားရာဖြစ်သည်” ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ရင်းနှီးမြုပ်နှံမှု အသစ်များ သည် ကမ္ဘောဒီးယားပြည်သူများအတွက် အရင်းအနှီး၊ နည်းပညာများ နှင့် အလုပ်အကိုင် အခွင့်အလမ်း သစ်များ ဆောင်ကြဉ်းပေးမည်ဟု Sovicheat က ပြောကြားခဲ့သည်။
Source: https://www.doca.gov.mm