Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

Last Updated:

     မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့မှ ဩဂုတ်လ (၈) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၁၄.၄၀၀) တန်၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့်ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန်(၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်း သိရှိရပြီးကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်တင်သွင်းနိုင်မှုအခြေအနေ

     မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၇)ရက်နေ့မှ ဩဂုတ်လ (၈) ရက်နေ့ အတွင်းသွင်းကုန်တင်သွင်းမှုအနေဖြင့် ဓါတ်ဆီတစ်တန်လျှင် (၉၀၅) ဒေါ်လာ နှုန်းဖြင့် တန် (၃၅၀)၊ တန်ဖိုး (၀.၃၁၇) ဒေါ်လာသန်းတင်သွင်းခဲ့သည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၅၉၀) ကျပ်နှင့်ဒီဇယ် တစ်လီတာ (၂၅၆၈) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ် လျှင် (၉၇.၂၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News