Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

     လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၇-၈-၂၀၂၃) မှ (၈-၈-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ပြောင်း (၂၂.၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ရော်ဘာ (၁၃၂.၀၀) တန်၊ တန်ဖိုး (၀.၁၇၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။

     ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန်တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ရာဘာ တစ်တန်လျှင် (၁၃၀၀)ဒေါ်လာ၊ Aluminium Ingotတစ်တန်လျှင် (၁၇၅၂) ဒေါ်လာရှိ၍သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှ လွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။

     ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့် ဆေးဝါးပစ္စည်းများ (၃၁၅၃၆၀) U ၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ပီနံအိတ် (၁၃.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကုန်စုံ (၃၇.၅၀) တန်၊ (၁၂၀၀) U ၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့သည်။ သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ချည်တစ်တန်လျှင် (၆၅၀) ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင် (၇၉၇) ဒေါ်လာ၊ ကော်စေ့တစ်တန်လျှင်(၁၀၀၀)ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင် (၅၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ် (၈၀၀၀၀၀)ကျပ်၊ ကုန်ပွ (၅၀၀၀၀၀) ကျပ် နှင့် ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

     ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊   ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက်  (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်  လမ်းကြောင်းအတိုင်း  တင်ပို့လျက်ရှိပြီး  သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

ငွေကြေးဈေးကွက်ပြောင်းလဲမှုအခြေအနေ

     လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၆-၈-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၅၀) ကျပ်ဖြစ်ခဲ့ပြီး ၈-၈-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၅၀)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News