International News

ဒီဂျစ်တယ်ကုန်သွယ်မှုကို တိုင်းတာခြင်းဆိုင်ရာဘုံမူဘောင်အသစ် ချမှတ်နိုင်ရေး လက်စွဲစာအုပ်ထုတ်ပြန်ခဲ့ခြင်း

Last Updated:

     ဒီဂျစ်တယ်ကုန်သွယ်မှုကိုတိုင်းတာခြင်းသည် မူဝါဒချမှတ်သူများအတွက် ကမ္ဘာ့စီးပွားရေးအပေါ် ဒီဂျစ်တယ်ကုန်သွယ်မှု၏ ထင်ရှားသောရိုက်ခတ်မှုကို ကိန်းဂဏန်းများဖြင့် အထောက် အထားများ ပြသနိုင်ကြောင်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော ဒီဂျစ်တယ်ကုန်သွယ်မှုကို တိုင်းတာခြင်းဆိုင်ရာ လက်စွဲစာအုပ် (ဒုတိယအကြိမ်) တွင်ထည့်သွင်းဖော်ပြထားပါသည်။ အဆိုပါလက်စွဲ စာအုပ်ကို ၂၀၁၉ ခုနှစ်တွင် ပထမအကြိမ်ထုတ်ဝေခဲ့ပြီး၊ ယခုအခါတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်းနှင့်ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးရေးညီလာခံတို့က ဒုတိယအကြိမ်ပူးတွဲ ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။

     ထိုလက်စွဲစာအုပ်(ဒုတိယအကြိမ်)တွင် ဒီဂျစ်တယ်နည်းဖြင့် ပစ္စည်းမှာယူခြင်း (Digital Order)နှင့် ဒီဂျစ်တယ်နည်းဖြင့် အိမ်တိုင်ရာ ရောက်ပို့ဆောင်ပေးခြင်း(Digital Delivery) စသည့် ၂ မျိုးအပေါ် အဓိကထားလေ့လာခဲ့ပြီး၊ ဒစ်ဂျစ်တယ် ကြားခံပလက် ဖောင်းများမှတစ်ဆင့် ဒီဂျစ်တယ်ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် တွေ့ကြုံရသော စိန်ခေါ်မှုများအတွက် အရေးကြီးသော အခန်းကဏ္ဍကိုလည်း  အသားပေးဖော်ပြထားပါသည်။

   ထို့ပြင် ထိုလက်စွဲစာအုပ်(ဒုတိယအကြိမ်)တွင် ဒီဂျစ်တယ်ကုန်သွယ်မှုစာရင်းအင်းများကို ထုတ်ပြန်နိုင်ရေးနှင့် စာရင်းအင်းအချက်အလက်များကို ရယူနိုင်ရေးပုံစံတစ်ခုလည်းပါရှိပြီး၊ အဆိုပါပုံစံမှ စာရင်းကောက်ယူသူများအတွက် အချက်အလက် တစ်စိတ်တစ်ဒေသကိုသာ ရရှိနိုင်သော်လည်း ပြောင်းလွယ်ပြင်လွယ်ရှိသည့် ပုံစံတစ်ခုပင်ဖြစ်ပါသည်။ ထိုလက်စွဲစာအုပ် (ဒုတိယအကြိမ်)သည် ဒီဂျစ်တယ်ကုန်သွယ်မှုကိုထိရောက်စွာတိုင်းတာရေးအတွက် အရေးပါသောအဆင့်အဖြစ် သတ်မှတ်နိုင်ပါကြောင်း၊ ၎င်း၏ ကျယ်ပြန့်သောလမ်းညွှန်များဖြင့် စာရင်းကောက်ယူသူများကို ဒီဂျစ်တယ်ကုန်သွယ်မှုကို စောင့်ကြည့်ရန်နှင့် မူဝါဒချမှတ်သူများကို ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းလာမှုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများကိုတုံ့ပြန်ရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုဒ်မှ ဖော်ပြထားပါသည်။

Source: https://www.wto.org/english/news_e/news23_e/dtech_28jul23_e.htm

https://commerce.gov.mm

Category: International News