Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (8-8-2023) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (8-8-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (0.911) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (0.633) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (1.544) သန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (62.680) တန်၊ တန်ဖိုးကန် ဒေါ်လာ (0.189) သန်း၊ ကြက်သွန်နီ (၃၉၀.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၆၆) သန်း၊ ငါးမှုန့် (၁၆၈.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၂) သန်း၊ ကြေးနီ (၃၄.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၉) သန်း၊ ကဏန်း(၂၁.၁၇၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၀) သန်း၊ ဝါဂွမ်း(၃၃.၅၃၁) တန်၊ တန်ဖိုး (၀.၀၅၉) ဒေါ်လာသန်း၊ ဆန်ကွဲ(၁၀၄.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၄) သန်း၊ သကာရည် (၁၄၇.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၃) သန်း၊ ပုစွန်ဖွဲ (၆၅.၅၀၀) တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၃၂) သန်းနှင့် ပြောင်းဖူးစေ့ (၁၀၅.၀၀၀) တန်၊ တန်ဖိုး (0.၀၂၉) ဒေါ်လာသန်းတို့ ဖြစ်သည်။

     အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ Magnesia-Chrome Bricks ကန်ဒေါ်လာ (၀.၁၇၆)သန်း၊ သံချောင်းလုံး တန်ဖိုးကန်ဒေါ်လာ (၀.၀၉၁) သန်း၊ Iron Ball တန်ဖိုးကန်ဒေါ်လာ (၀.၀၆၅) သန်း၊ စပျစ်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၄) သန်း၊ Pvc/ Pe Plastic Sheet/Roll  တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၂) သန်း၊ Taphole Clay တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၁) သန်း၊ ပန်းသီးတန်ဖိုး ကန်ဒေါ်လာ (၀.၀၃၀) သန်း၊ ပန်းသစ်တော်သီးတန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇) သန်း၊ Elastic Rope For Brassier တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇) သန်းနှင့် Carton Paper Box တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၇) သန်းတို့ဖြစ်သည်။

     ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ (၈) ရက်နေ့ထိ  ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၈.၃၆၁) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၅.၇၉၅) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၁၄.၁၅၆) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၃.၁၄၀) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

     အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်း ဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိသည်။ (၈-၈-၂၀၂၃)ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့် (၁)တန် လျှင် အမေရိကန်ဒေါ်လာ (၃၀၀၇.၅၆၃) နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၄၂၆.၃၆၅) နှုန်း၊ ငါးမှုန့် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၆၀၇.၂၁၉) နှုန်း၊ ကြေးနီ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၈၇၈.၃၅၆) နှုန်း၊  ကဏန်း (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၇၉၉.၉၃၂) နှုန်း၊ ဝါဂွမ်း (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၇၅၂.၄၇၅) နှုန်း၊ ဆန်ကွဲ (၁)တန်လျှင် အမေရိ ကန် ဒေါ်လာ (၄၁၈.၇၇၁) နှုန်း၊ သကာရည်(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၉၃.၁၄၀) နှုန်း၊ ပုစွန်ဖွဲ (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၄၈၀.၆၅၆)နှုန်း၊ ပြောင်းဖူးစေ့ (၁)  တန်လျှင်  အမေရိကန်ဒေါ်လာ (၂၈၀.၆၃၃) နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News